DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်နှင့် ပဲခူးမြစ်ရေကြီးနိုင်၊ မြစ်ကမ်းအနီး နေသူများ သတိပြုနေထိုင်ရန် တိုက်တွန်း
DVB
·
July 20, 2018
ဧရာဝတီမြစ်နှင့် ပဲခူးမြစ်ရေကြီးနိုင်၊ မြစ်ကမ်းအနီး နေသူများ သတိပြုနေထိုင်ရန် တိုက်တွန်း
Donate to DVB

ဧရာဝတီမြစ်နဲ့ ပဲခူးမြစ်ရေ ကြီးနိုင်တဲ့အတွက် ဟင်္သာတမြို့နယ်နှင့် ပဲခူးမြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်တွေ အနေနဲ့ အထူးသတိပြု နေထိုင်ကြပါဖို့ မိုးလေဝသနှင့် ဇလဗေဒ ဌာနက တိုက်တွန်း ထားပါတယ်။

ဒီကနေ့ မနက်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်အောက် (၁)ပေလောက်မှာ ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူးမြစ်ရေဟာလည်း  ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်မှာ ရောက်ရှိနေပြီး နောက် (၂)ရက်အတွင်း  စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့နယ်နှင့် ပဲခူးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုထားပါတယ်။

အလားတူ ပုဂံညောင်ဦး၊ မဒေါက်၊ ဘားအံ၊ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ မအူပင်မြို့ တွေမှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ်နဲ့ နီးစပ်နေတယ်လို့ မိုးဇလဌာနက မြစ်ရေကြီးမှု အခြေအနေကို ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစုကွက်သစ်၊ မြန်အောင်တာမိုင် ၅/၅ အနီးမှာ  ပြီးခဲ့တဲ့ရက်က မြစ်ဘက်ခြမ်း တာခြေရဲ့ အခြေနားအထိ အလျား(၂ဝ)ပေ၊ အကျယ် (၅)ပေလောက် မြစ်ကမ်းပြိုမှု ဖြစ်ပွားခဲ့တယ်လို့ အစိုးရ ပြန်ကြားရေး သတင်းအရ သိရပါတယ်။

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013