DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံဆည်ပြန်ဆောက်ပြီး ဧရာဝတီမြစ်ကို ဒုက္ခမပေးသင့်ဟု ပြော
DVB
·
May 30, 2016
မြစ်ဆုံဆည်ပြန်ဆောက်ပြီး ဧရာဝတီမြစ်ကို ဒုက္ခမပေးသင့်ဟု ပြော
Donate to DVB

လျှပ်စစ်စွမ်းအားအတွက် မြစ်ဆုံဆည် ပြန်ဆောက်ပြီး ဧရာဝတီမြစ်ကို ဒုကမပေးသင့်တော့ဘူးလို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

မြစ်ဆုံဆည် အထူးစာမျက်နှာများအမည်နဲ့ အောင်ပင်လယ် လူမှုဝန်းကျင် အထူးထုတ်မဂ္ဂဇင်း ထွက်ရှိတဲ့ မိတ်ဆက်ပွဲကို မေလ ၂၈ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဧရာဝတီမြစ်ကို ချစ်မြတ်နိုးသူတွေက ပြောကြားလိုက်တာပါ။

ဧရာဝတီမြစ်ဖျား မေခ-မလိခအောက်ဘက် မြစ်ဆုံဆည်စီမံကိန်းကို အရင်အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့ပေမယ့် အခုအစိုးရလက်ထက်မှာ တရုတ်နိုင်ငံဘက်က ပြန်လည်ဆောက်လုပ်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

“ပြန်ပြည့်မြဲ စွမ်းအင်တွေ၊ တခြားနိုင်ငံနည်းတူ ဒီဘက်ကို စဉ်းစားပြီးတော့ ဧရာဝတီကို လွတ်လွတ်လပ်လပ် စီးဆင်းမှုလည်း ဒေါ်လေးတယောက်တည်း အနေနဲ့ကတော့ ယူဆထားပါတယ်။ အဲတော့ ကျန်တဲ့ မြန်မာပြည်သူလူထု အားလုံးကလည်း ကိုယ်တင်ထားတဲ့၊ ကိုယ်လိုချင်တဲ့ အစိုးရနဲ့အတူ ဧရာဝတီအပေါ်မှာ ဒေါ်လေးတို့ တာဝန်ကျေသွားကြချင်ပါတယ်လို့ ပြောချင်ပါတယ်” လို့ အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဒေါ်ဒေ၀ီသန့်စင်က ပြောပါတယ်။

မြစ်ဆုံဆည်ကြောင့် မြန်မာပြည်သူတွေ မှီတင်းနေထိုင်ကြရတဲ့ ဧရာဝတီမြစ်ရေ ခန်းခြောက်မှုအပြင် မြစ်ကြောင်းတလျှောက်က အသက်မွေးဝမ်းကြောင်း ပြုနေသူတွေကိုပါ ဆိုးကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။

ဆည်မြောင်းပညာရှင် ဦးချိုချိုကတော့ “ဆိုးကျိုးတွေကတော့ ဆည်တွေဆောက်တာ အများကြီးပါ။ အထူးသဖြင့် မြစ်ကြီးတွေ၊ မြစ်မကြီးတွေပေါ်မှာ ဖြစ်နိုင်ရင် မဆောက်ပါနဲ့။ ရှောင်လို့ရရင် ရှောင်ပါ၊ တခြား ရွေးစရာလမ်းရှိရင် ရွေးလိုက်ပါ။ ရေအသုံးချမှုကို ဆည်မဟုတ်ဘဲနဲ့ တခြား သက်သာရာနည်းလမ်းတွေရှိရင် လုပ်ပါ။ မဖြစ်တဲ့အဆုံး ဆိုရင်တော့ ကျနော်တို့ ဆောက်ရမှာပေါ့” လို့ ပြောပါတယ်။

မြစ်ဆုံဆည် တည်ဆောက်မယ့် ဧရိယာဟာ ကြီးမားလွန်းတဲ့အတွက် ရေဝေရေလဲဒေသက သစ်တောတွေ ပြုန်းတီးနိုင်ပြီး စီမံကိန်းအကြောင်းပြ သစ်ခိုးထုတ်မှုတွေလည်း ရှိလာနိုင်ပါတယ်။

“ဆည်တည်ဆောက်မယ်ဆို နံပါတ်တစ် သစ်တောတွေ ရှင်းလင်းခံရမယ်။ နံပါတ်နှစ်က အရင်တုန်းက သစ်ခိုးတဲ့ ကိစ္စတွေမှာ လက်လှမ်းမမီခဲ့တဲ့နေရာက သစ်အကောင်းတွေက ဆည်အားပြုပြီးတော့ ဆည်ထဲကို ဆွဲချမယ်။ ဒါ ဆည်တွေ ဆောက်တဲ့အတွက် မကောင်းတဲ့ အကျိုးကျေးဇူးပေါ့” လို့ မြန်မာနိုင်ငံ သစ်တောအသင်းမှ အတွင်းရေးမှူး ဦးတင်အေးက ပြောဆိုလိုက်တာပါ။

မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလအတွင်း သမ္မတဦးသိန်းစိန် လက်ထက်က ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး အခု ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံဘက်က ကြိုးစားနေတာပါ။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က သူ့ရဲ့နေအိမ်မှာ သတင်းမီဒီယာနဲ့ တွေ့ဆုံစဉ် မြစ်ဆုံဆည် စီမံကိန်းအတွက် လျော်ကြေးပေးရတဲ့အထိ မဖြစ်နိုင်ဘဲ အားလုံးလက်ခံနိုင်တဲ့ နည်းလမ်းကို အစိုးရသစ်နဲ့ ညှိနှိုင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ၂၇ မိုင်အကွာမှာ တည်ရှိပြီး ဒီစီမံကိန်းကို ၂၀၀၉ ခုနှစ်လောက်ကစပြီး အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ တရုတ် China Power Investment Corporation –CPI တို့ အကျိုးတူ ဆောင်ရွက်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013