ဟန်ဂေရီက သိမ်းဆည်းရမိသည့် ငွေသားနှင့် ရွှေများကို ယူကရိန်းဘဏ်ဆီ ပြန်ပေး
DVB
·
May 7, 2026

ဟန်ဂေရီအစိုးရ လုံခြုံရေးဌာနက မတ်လမှာ သိမ်းဆည်းရမိတဲ့ ယူကရိန်းနိုင်ငံ အော့ရှက်ဘဏ်က ပိုင်ဆိုင်တဲ့ ငွေသားနဲ့ ရွှေတွေကို ဟန်ဂေရီအစိုးရက ပြန်ပေးလိုက်ပါတယ်။
ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးပါတဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေလ ၆ ရက်မှာ ပြောဆို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
"ဟန်ဂေရီရဲ့ တည်ဆောက်မှုဆိုင်ရာ ချဉ်းကပ်မှုနဲ့ ယဉ်ကျေးတဲ့ ခြေလှမ်းအတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်" လို့ ဇလန်းစကီးက X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
Source:Reuters











