DVB Logo
Home
မြန်မာသတင်း
ကံမတွင်​ ၃ ရက်​အတွင်း တရားမဝင်​သစ်​တန်​ ၁၅၀ ခန့် ​​ဖမ်းမိ
DVB
·
January 18, 2019
ကံမတွင်​ ၃ ရက်​အတွင်း တရားမဝင်​သစ်​တန်​ ၁၅၀ ခန့် ​​ဖမ်းမိ
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး သရက်​ခရိုင်​ ကံမမြို့နယ်​မှာ ၃ ရက်​အတွင်း တရားမဝင်​သစ်​ခွဲသား တန်​ ၁၅၀ လောက်​ ဖမ်းဆီးမိခဲ့တယ်​လို့ တိုင်​​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ဇော်​ဝင်းက ​ပြောပါတယ်​။

တရားမဝင်​သစ်​​တွေကို သတင်းအရ ရှာ​ဖွေမှု ပြုလုပ်​ခဲ့ရာမှာ ပုသိမ်​-မုံရွာ ကားလမ်းအနီး ကြို့ပင်​တိုက်​နယ်​ စီရွာနဲ့ စီ​ချောင်းအနီးတဝိုက် ​တွေ့ရှိခဲ့တာလို့ ဆိုပါတယ်​။

“ပုသိမ်​-မုံရွာ လမ်းက​နေ ​တောထဲကို ညပိုင်း ၂ မိုင်​​ကျော်​​ကျော်​ ဝင်​​ရောက်​ပြီး ရှာ​ဖွေ​တွေ့ရှိခဲ့တာ။”

ဖမ်းစီးရမိ​တဲ့ သစ်​တွေထဲမှာ ပျဉ်းကတိုး ၆ တန်​လောက်သာ ပါဝင်​ပြီး ကျန်​တာတွေက ကျွန်းခွဲသားတွေဖြစ်​​ကြောင်း ကံမမြို့နယ်​ သစ်​​တောဦးစီးမှူး ဦးရဲထွဋ်ထံက သိရပါတယ်​။

ဒီသစ်တွေကို ကံမမြို့နဲ့ဝေးလန်တဲ့ ရခိုင်ရိုးမနဲ့ မင်​တုန်း ရိုးမတို့က သယ်​​ဆောင်​လာတာလို့ ဆိုပါတယ်​။

ဇန်​နဝါရီ ၁၅ ရက်​​နေ့မှ ဇန်​နဝါရီ ၁၇ ရက်​​နေ့အထိ ကျွန်းခွဲသား​ပေါင်း ၁၂၁၀ ​ချောင်း (၁၄၁.၀၉၉၃ ) တန်​နဲ့ ပျဉ်းကတိုးခွဲသား ၄၇) ချောင်း (၆.၇၆၈၈) တန်​တို့ကို ပိုင်​ရှင်​မဲ့ အဖြစ်​ သိမ်းဆည်းရမိခဲ့တယ်​လို့ သိရပါတယ်​။

ကိုလင်း(​ချောက်​)

ဓာတ်ပုံ-ကံမမြို့နယ် သစ်တောဦးစီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013