DVB Logo
Home
မြန်မာသတင်း
၅ ကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲကြီး ရန်ကုန်တွင် ကျင်းပမည်
DVB
·
January 4, 2019
၅ ကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲကြီး ရန်ကုန်တွင် ကျင်းပမည်
1 / 8
Donate to DVB

ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ၅ ကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲကြီးကို ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က ရန်ကုန်မြို့ UMFCCI မှာ ကျင်းပတဲ့ သတင်းစားရှင်းလင်းပွဲအတွင်း ပြောခဲ့တာပါ။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်တွေက ဦးဆောင်ပြီး ဇန်နဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ကျင်းပသွားမှာပါ။

အခုလို ခရီးသွားလုပ်ငန်းပြပွဲတွေ ကျင်းပမယ်ဆိုရင် နိုင်ငံတကာကို အလည်အပတ်နဲ့ အပန်းဖြေ ခရီးသွားရောက်လည်ပတ်မယ့်သူတွေ၊ ပြည်ပနိုင်ငံတွေကို သွားရောက် ပညာသင်ကြားမယ့် သူတွေနဲ့ ဆေးကုသမယ့်သူတွေအနေနဲ့ လိုင်စင်ရ ခရီးသွား ကုမ္ပဏီတွေဆီကနေ အထူးဈေးနှုန်းနဲ့ လက်မှတ်တွေကို တိုက်ရိုက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ပြပွဲမှာတော့ ခရီးသွားလုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်ကနေ ပြခန်းတွေနဲ့ ပြသမှာဖြစ်သလို ဘဏ်တွေနဲ့ လေကြောင်းလိုင်းတွေလည်း ပူးပေါင်း ပြသသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အထူးအစီအစဉ်အနေနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ကာ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကနေပြီး ချင်းရိုးရာအကတွေနဲ့ ဧည့်ခံဖျော်ဖြေပြီး ချင်းအစားအစာနဲ့ ချင်းရိုးရာ အဝတ်အထည် အသုံးအဆောင်တွေကိုလည်း ရောင်းချသွားမယ်လို့ နိုင်ငံတကာခရီးသွားပြပွဲ ကျင်းပရေး ကော်မတီက ပြောပါတယ်။

သတင်းဓာတ်ပုံ - သူဇာလင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013