DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရန်နှင့် စျေးနှုန်းမမြင့်မားစေရန် UMFCCI ဆောင်ရွက်မည်
DVB
·
August 10, 2021
ပြည်တွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရန်နှင့် စျေးနှုန်းမမြင့်မားစေရန်  UMFCCI ဆောင်ရွက်မည်
Donate to DVB

မြန်မာပြည် စျေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိစေဖို့နဲ့ စျေးနှုန်းမမြင့်မားစေဖို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ဦးဆောင်ပြီး Task Force လုပ်ငန်းအဖွဲ့ ပုံစံနဲ့ ဆောင်ရွက်သွားမယ်လို့ အသင်းချုပ်ရဲ့ တာဝန်ရှိသူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါအဖွဲ့က သက်ဆိုင်ရာကော်မတီ၊ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ဆေးဝါးတင်သွင်းနေတဲ့ ကုမ္ပဏီတွေရင်ဆိုင်ကြုံ တွေ့နေရတဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတာပါ။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “ဒေသတွင်းမှာ ကိုဗစ်လှိုင်းက ဆူနာမီလို တက်လာတဲ့အတွက် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကိုဗစ်နဲ့ပတ်သတ်တဲ့ ဆေးဝါးသုံးစွဲမှုကလည်း မြင့်လာတယ်။  မြန်မာနိုင်ငံမှာလည်း ဝယ်လိုအား ရောင်းလိုအားက ချိန်ခွင် မမျှတမှု ရှိလာတယ်။ ဆိုတော့ ဒီအတွက် ဆေးဝါးလိုအပ်ချက်ကို မြန်မြန်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် task force ဖွဲ့ပြီးတော့ ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

ဒီနောက် နိုင်ငံအတွင်း ဆေးဝါးလိုအပ်ချက်ကိုသိနိုင်ဖို့  သြဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာ ၃လတာအတွင်း ကုမ္ပဏီ တင်ပြလာတဲ့ စျေးကွက် အခြေအနေနဲ့ မြေပြင်အချက်အလက်တွေကို စုစည်းပြီး  Supply Chain တခုလုံးမှာရှိတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားချိန်ခွင်ကို မျှတအောင် ထိန်းညှိသွားဖို့အတွက် ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်လို့ မှန်ကန်တဲ့အချက်အလက်တွေ ပေးပို့ဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းစတင်ခဲ့ပြီးနောက် အိမ်သုံးဆေးဝါးရောင်းဝယ်ရေးစျေးကွက်မှာ ကိုဗစ်နဲ့ ဆက်နွှယ်တဲ့ ဆေးဝါးတွေက ပစ္စည်းပြတ်လပ်မှုနဲ့အတူ စျေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာတာပါ။

အိမ်သုံးဆေးဝါးတွေစျေးနှုန်းမြင့်တက်လာတာနဲ့ပတ်သတ်လို့ ဆေးဝါးတင်သွင်းရောင်းချနေတဲ့ သွင်းကုန်လုပ်ငန်းရှင်တဦးက “လူတွေက ကြောက်လန့်ပြီးတော့ အပိုဝယ်ယူစုဆောင်းမှုတွေကြောင့် စျေးကွက်မှာ ပစ္စည်းပြတ်လပ်သွားပြီး စျေးတွေတက်သွားတာပါ။  မြန်မာနိုင်ငံနည်းတူ တခြား ထိုင်း၊ မလေး၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း စျေးတက်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ Supply  များများဝင်လာအောင်လုပ်နိုင်လာတဲ့အတွက်  တဖြည်းဖြည်းနဲ့တော့ စျေးက အရင်လို တက်အား များများမရှိတော့ပါဘူး။ ပြီးတော့ နောက်တချက်က နိုင်ငံခြားငွေကြေး အတက်အကျကလည်း ရှိနေတော့ အခုစျေးနှုန်းက တောင့်နေတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါက စျေးကွက်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့သဘောပါ” လို့ ဆိုပါတယ်။

လက်ရှိမှာဆိုရင်လည်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ရုံးမှာ ကိုဗစ်ရောဂါကုသရေးမှာ အသုံးများတဲ့ ဆေးဝါးတွေကို တင်သွင်းခွင့် (One Time Permit) အတွက် လာရောက်လျှောက်ထားနိုင်ကြောင်းနဲ့  One Stop Services (OSS) သို့ ဆက်လက်ပေးပို့ပြီး၊ ထိုမှတဆင့် FDA သို့ပေးပို့ကြောင်း၊  လျှောက်ထားပြီး သတ်မှတ်ချက်များပြည့်စုံကိုက်ညီမှု ရှိပါက(၄၈) နာရီအတွင်း FDA က ပါမစ်ထုတ်ပေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ အိမ်သုံးဆေးဝါးတွေရဲ့  ၈၅ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေရတာဖြစ်ပြီး တရားဝင်တင်သွင်းတဲ့ ပမာဏက  ပျှမ်းမျ တနှစ်ကို အမေရိကန်  ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013