DVB Logo
Home
မြန်မာသတင်း
ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်​၏ယာဉ်တန်း အဝေးထိန်းမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
January 2, 2019
ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်​၏ယာဉ်တန်း အဝေးထိန်းမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ဦးညီပု စီးနင်းလိုက်​ပါလာတဲ့ယာဉ်​တန်း ဇန်နဝါရီ ၁ ရက် ည​နေ ၄ နာရီခွဲလောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်​လို့ ပြည်​နယ်​အစိုးရအဖွဲ့ အရာရှိတဦးက ​ပြောပါတယ်​။

ဝန်ကြီးချုပ် ဦးညီပုနဲ့အဖွဲ့ဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်ပြီး ကျောက်ဖြူမြို့နယ်မှ စစ်တွေမြို့သို့အပြန် ရန်​ကုန်​-စစ်​​တွေကားလမ်းမ မင်းပြားမြို့အလွန်​ ​မြောက်​ဦးမြို့အဝင်​ နန်းကျားနဲ့ ပေါင်းတုတ်ရွာအကြား တံတားအမှတ် (၁/၁၀၆) ထိပ်မှာ  မိုင်းပေါက်​ကွဲခဲ့တာပါ။

ပေါက်​ကွဲမှု​ကြောင့် ဝန်ကြီးချုပ်အပါအဝင် ယာဉ်တန်းမှာပါလာသူတွေ တဦး​တ​ယောက်​မှ ထိခိုက်​ဒဏ်ရာရတာ မရှိဘူးလို့ ပြည်​နယ်​အစိုးရအဖွဲ့ အရာရှိက ပြောပါတယ်​။

ဝန်​ကြီးချုပ် ဘာမှမဖြစ်ဘဲ လက်​ရှိ စစ်​​တွေမြို့ကို ပြန်​လည်​​ရောက်​​ရှိနေပြီလို့ ​မြောက်​ဦးမြို့မ ရဲစခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်​။

ဖောက်ခွဲရာမှာ အသုံးပြုခဲ့တဲ့မိုင်းဟာ ဒေသန္တရလုပ် အဝေးထိန်းမိုင်းဖြစ်ပြီး မိုင်း ၃ လုံးနဲ့ တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခံရတာလို့ ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

မိုင်းပေါက်ကွဲမှုမှာ လူတွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိပေမယ့် ယာဉ်တစီး ရှေ့မှန်ကွဲပြီး  တစီးက ဘေးမှန်တချပ် ကွဲသွားတယ်လို့ ဆိုပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013