DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါလာသည့်ကား ချောင်းထဲထိုးကျ
DVB
·
November 9, 2018
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါလာသည့်ကား ချောင်းထဲထိုးကျ
1 / 3
Donate to DVB

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါလာတဲ့ကားဟာ ဒီကနေ့ မနက် ၅ နာရီကျော်လောက်က မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက် ရန်ကုန်-စစ်တွေကားလမ်း တံတားအောက် ချောင်းထဲ ထိုးကျသွားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အရာရှိတဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

“ဒီကနေ့မနက်ပိုင်းက တံတားအောက်ကို ထိုးဆင်းသွားတာပါ။ မြောက်ဦး ဟိုကျော်ကျော်လေးတံတားအနီး တိမ်းဆင်းသွားတာပါ။ အောက်ကို ထိုးကျသွားတာပါ။ ဒီကနေ့မနက်ပိုင်း ၅ နာရီကျော်ကျော် ဖြစ်သွားတာပါ” လို့ ပြောပါတယ်။

ကားထိုးကျမှုကြောင့် ကားမောင်းသူ အနည်းငယ် ထိခိုက်ဒဏ်ရာ ရခဲ့ပေမယ့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် တခြားသူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ အရာရှိက ပြောပါတယ်။

ကားမောင်းသူက ကားမောင်းနေရင်း အိပ်ငိုက်သွားလို့ အခုလို ချောင်းထဲ ထိုးကျသွားတာလို့လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အရာရှိက ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ နိုဝင်ဘာ ၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် SEZ လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး  အပြန်မှာ အခုလို ကားမတော်တဆ ဖြစ်ပွားခဲ့တာပါ။

သတင်း - ဝဏ္ဏခွာညို

ဓာတ်ပုံ - ဆည်းဆာဦး

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013