DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် ဝိုင်းလုပ်ကြရန် ၀န်ကြီးချုပ် ပြော
DVB
·
February 25, 2018
ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် ဝိုင်းလုပ်ကြရန် ၀န်ကြီးချုပ် ပြော
Donate to DVB

 

စစ်တွေမြို့ မိုင်းပေါက်ကွဲမှု တရားခံကို မသိရှိရသေးဘဲ ရခိုင်ပြည်နယ်၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။

“အားလုံးဝိုင်းပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးမှုအတွက်ကို ပူးပေါင်းလုပ်ကိုင်ဖို့အတွက် လုပ်သင့်တဲ့ပြည်နယ် ဖြစ်နေပြီးတော့ လုပ်နိုင်ဖို့အတွက်ကတော့ အားလုံးဝိုင်းမှ ပိုကောင်း သွားမှာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက် အစောပိုင်းက ပြည်နယ် အုပ်ချုပ်ရေးမှူးအိမ်၊ ပြည်နယ်တရားရုံးနဲ့ မြေစာရင်းရုံးတွေအနားမှာ မိုင်း ၃ လုံး ပေါက်ကွဲ ခဲ့တဲ့အပေါ် သတင်းထောက်တွေက မေးမြန်းခဲ့တာပါ။ ဒီကိစ္စအတွက် ဘယ်သူ့ကို သံသယ ရှိတယ်ဆိုတာတော့ မပြောနိုင်သေးဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

“ဗုံးခွဲတဲ့ ကိစ္စကတော့ ကြားတဲ့အတိုင်းပဲ။ ကျနော်လည်း ညက ဒီရောက်နေတာလေ။ ကျနော့်ဆီကတော့ ဘာမှ မလုပ်ရသေးဘူး။ ဟိုကတော့ တင်ပြတာတွေ ရှိတယ်။ ဘယ်သူ့ကို သံသယရှိလဲဆိုတာလည်း မပြောနိုင်သေးဘူး။ အသေးစိတ်လည်း မသိသေးဘူးလေ” လို့ ပြောပါတယ်။

မြို့ရဲ့ အခြေအနေဟာ လောလောဆယ်တော့ တည်ငြိမ်နေတယ်လို့ သူက ပြောသလို မြို့ထွက်ပေါက်တွေကို ပိတ်ဆို့ပြီး တရားခံမိနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ပြည်နယ်ရဲမှူးကြီးက ပြောဆိုထားပါတယ်။

တည်ငြိမ်ရေးလုပ်နေရတဲ့ ရခိုင်ပြည်နယ်အနေနဲ့ အခုလို ဖြစ်ရပ်ကြောင့် အများကြီးအနှောင့်အယှက်ဖြစ်ရတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

“ဒီလိုတွေ ဖြစ်နေတော့ မကောင်းဘူး။ ကျနော်တို့ ပြည်နယ်မှာက သိတဲ့အတိုင်းလေ။ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို လုပ်နေတယ်။ အဲဒီအချိန်မှာ တခုပြီးတခု ဖြစ်နေတဲ့ အခါကျတော့ ကိုယ်လုပ်ချင်တဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုက အများကြီး အနှောင့်အယှက် ဖြစ်တာပေါ့။ ပြည်သူတွေအတွက်လည်း အများကြီး အခက်အခဲ ဖြစ်တာပေါ့။ အဲဒီအတွက် စိတ်မကောင်းဘူး” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013