DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း တောမီးလောင် 
DVB
·
April 14, 2026
ဧပြီ ၁၃ ရက်က ထန်းတပင်၊ ရိုးကြီးရိုးလေးရွာ ကိုင်းတော မီးလောင်မှု။ (Photo: MFSD)
ဧပြီ ၁၃ ရက်က ထန်းတပင်၊ ရိုးကြီးရိုးလေးရွာ ကိုင်းတော မီးလောင်မှု။ (Photo: MFSD)
Donate to DVB

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်နဲ့  လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွေမှာ ကိုင်းတောတွေနဲ့ တောမီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။ 

ထန်းတပင်မြို့နယ်၊ ရိုးကြီးရိုးလေးကျေးရွာ၊ အနောက်ပိုင်းတက္ကသိုလ်လမ်းမှာ ဧပြီ ၁၃ ရက် မနက် ၂ နာရီလောက်က ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက် မီးငြှိမ်းသတ်ခဲ့ရတယ်လို့  မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အလားတူ ည ၇ နာရီကျော်လောက်မှာလည်း  ထန်းတပင်မြို့နယ်၊ ပေါက်တောကျေးရွာ၊ အနောက်ပိုင်းတက္ကသိုလ်လမ်းဘေးမှာ ကိုင်းတောမီးလောင်မှုဖြစ်လို့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ထန်းတပင်မြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်လမ်း၊ သပြေခြံကျေးရွာအနီးမှာ ကိုင်းတော မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁၃ ရက် နေ့လယ် ၃ နာရီခွဲလောက်မှာတော့ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ နည်းပညာတက္ကသိုလ်မှာ ကိုင်းတော မီးလောင်မှု ဖြစ်ပွားခဲ့သလို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ သုခဒဂုံအိမ်ယာ၊ အမှတ်(၇)လမ်းဘေးမှာလည်း  ကွင်းမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

တရက်တည်းမှာပဲ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်  (၅၇/၂) အနီး တောမီးလောင်နေကြောင်း သတင်းရလို့  မီးသတ်တပ်ဖွဲ့တွေ သွားရောက် မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁၄ ရက် ဒီနေ့မနက် ၈ နာရီ ၄၁ မိနစ်မှာတော့  သန်လျင်မြို့နယ်၊ အလွမ်းစွတ်ကျေးရွာမှာ ကွင်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ မီးလောင်မှုတွေမှာ လူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေနဲ့ လူနေအိမ်တွေ မီးလောင် ပျက်စီးတဲ့ သတင်းတွေကတော့ မရရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013