DVB Logo
Home
မြန်မာသတင်း
နမ်းဟူးရွာသား ၅ ဦး အသတ်​ခံရမှု အ​ရေးယူ​ပေးရန် ဆန္ဒပြတောင်းဆို
DVB
·
December 21, 2018
နမ်းဟူးရွာသား ၅ ဦး အသတ်​ခံရမှု အ​ရေးယူ​ပေးရန် ဆန္ဒပြတောင်းဆို
Donate to DVB

ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ လွိုင်​လင်​မြို့နယ်​၊ နမ်းဟူး​ကျေးရွာ ရွာသား ၅ ဦးအသတ်​ခံရမှုကို အ​ရေးယူ​ပေးဖို့နဲ့ ​ကျေးရွာ​နေပြည်​သူ လုံခြုံ​မှုရရှိ​ရေးအတွက်​ ပအိုဝ်းတိုင်းရင်းသားတွေက ဒီဇင်ဘာ၂၁ ရက်က​ ​​တောင်​ကြီးမြို့မှာ ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲဟာ ရှမ်းတိုင်းရင်းသားကို ဆန္ဒပြတာမဟုတ်​ဘဲ လက်​နက်​အားကိုးပြီး အပြစ်​မဲ့ပြည်​သူကို အနိုင်​ကျင့် သတ်​ဖြတ်​တဲ့အ​ပေါ် ရှုတ်ချဆန္ဒပြတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူ ပအိုဝ်းလူငယ် ခွန်စိုးမြင့်က ပြောပါတယ်။

ဆန္ဒပြပွဲမတိုင်​ခင်​ အရပ်​ဘက်​အဖွဲ့အစည်း​တွေအ​နေနဲ့ ထုတ်​ပြန်​​ကြေညာခဲ့သလို လူထုလှုပ်​ရှားမှုနဲ့ တရားမျှတမှု ရရှိဖို့​ တောင်းဆိုတာဖြစ်​ပြီး ​ဖြေရှင်းမှု တစုံတ​ရာ မရှိပါက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ ဒါရိုက်တာ နန်းကြယ်စင်က ပြောပါတယ်။

ဒါ့အပြင်​ နိုင်​ငံ​တော်သမ္မတထံနဲ့ ရှမ်းပြည်​နယ်​ အစိုးရထံ အိတ်​ဖွင့်ပေးစာ​တွေ ​ပေးပို့သွားမယ်​လို့ ဆိုပါတယ်​။

ဆန္ဒပြပွဲမှာ စစ်​ရာဇဝတ်​ကျူးလွန်​သူ အ​ရေးယူ၊ ရပ်​ရွာတည်​ငြိမ်​​ရေး အမြန်​​ပေး၊ လူသတ်​မှု အလိုမရှိ၊ RCSS /SSA အလိုမရှိ၊ ဖက်​ဒရယ်​ပြည်​​ထောင်​စု တည်​​ဆောက်​​ရေး ဒို့အ​ရေး စတဲ့ ​ကြွေး​ကြော်​သံတွေနဲ့ ဗိုလ်​ချုပ်​​အောင်​ဆန်းလမ်းတ​လျှောက်​ ​တောင်​​ကျောင်းကြီး ဘုန်းကြီး​ကျောင်းထိ လမ်း​လျှောက်​ ဆန္ဒပြခဲ့ပါတယ်​။

ဆန္ဒပြပွဲမှာ ​တောင်​ကြီးခရိုင်​၊ လွိုင်​လင်​ခရိုင်​၊ ကယားပြည်​နယ်​က လူထု​တွေ နှစ်​​ထောင်​ဝန်းကျင်​ တက်​​ရောက်​ခဲ့ပါတယ်​။

ဒီဇင်ဘာ ၁၁ ရက်နေ့က လွိုင်လင်မြို့နယ်​ ​​တောင်နောက်ကျေးရွာအုပ်စု နမ်းဟူးရွာက ​ကျေးရွာရေရရှိရေးတွက် အုပ်ချုပ်ရေးမှူး၊ ရွာသူကြီး၊ ရုံးစာ​​ရေး၊ ကျောင်းကော်မတီတို့ ၄ ဦး သွားရောက်ပြုလုပ်​ပြီး အပြန်​မှာ RCSS/SSA တပ်ဖွဲ့က ​ဖမ်းဆီးခေါ်သွားလို့ အခြားရွာသား​တွေက ဖမ်းဆီးခံရသူကို လွှတ်​​ပေးဖို့ လိုက်​သွားရာမှ ပစ်ခတ်မှုဖြစ်​ပွားကာ ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်​ရာရခဲ့ပါတယ်​။

သတင်း၊ ဓာတ်ပုံ - ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013