DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းနှင့် ကရင်နီ တိုင်းရင်းသားခေါင်းဆောင်များကို ကာကွယ်ရေးဦးစီးချုပ် သွားရောက်တွေ့ဆုံ
DVB
·
September 13, 2018
ပအိုဝ်းနှင့် ကရင်နီ တိုင်းရင်းသားခေါင်းဆောင်များကို ကာကွယ်ရေးဦးစီးချုပ် သွားရောက်တွေ့ဆုံ
Donate to DVB

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့ နာယက ဦးအောင်ခမ်းထီကို မနေ့က သွားရောက်တွေ့ဆုံပါတယ်။

စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ရှိ ဦးအောင်ခမ်းထီရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ကျောက်တလုံးကြီး မဟာဝံသ ဗုဒ္ဓဂါယာစေတီတော်အတွက် အလှူငွေ ကျပ်သိန်း ၅၀ နဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) တာဝန်ရှိသူတွေက အလှူငွေ ကျပ် ၁၀ သိန်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဒေသကာကွယ်ရေး အကြောင်းပြပြီး လက်နက်စွဲကိုင်လိုတဲ့ သဘောထားတွေ ရှိကြောင်း၊ ဒေသအတွင်း တရားဥပဒေစိုးမိုးရေး ရှိအောင် ဆောင်ရွက်ရမှာဖြစ်ပြီး ဒီတာဝန်ကို အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်ရမယ်၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုတော့ နိုင်ငံတော်ရဲ့ တခုတည်းသော ကာကွယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်က ဆောင်ရွက်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောတဲ့အကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဟာ မနေ့မနက်ပိုင်းက ကယားပြည်နယ်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ရှိ အစည်းအဝေးခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး လက်မှတ်ရေးထိုးသွားမှသာ ထာဝရငြိမ်းချမ်းရေး ရရှိမယ်လို့ ပြောသွားပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရစ်ချဒ်၊ ကယန်း အမျိုးသားကာကွယ်ရေးတပ် (KNG) ဥက္ကဋ္ဌ ဦးဌေးကို၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဒုဥက္ကဋ္ဌ ဦးအောင်အောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးပေါလုချမ်း၊ ဦးခီးရယ် စသူတွေ တက်ရောက်ခဲ့ကြတာပါ။

ကာကွယ်ရေးဦးစီးချုပ်ဟာ လွိုင်ကော်တပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုတွေကို တွေ့ဆုံ အမှာစကား ပြောကြားရာမှာတော့ ကယားပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ရရှိနေတာ တွေ့ရပြီး အန်စီအေ လက်မှတ်ရေးထိုးဖို့ ကယားပြည်နယ်မှာ KNPP တဖွဲ့သာ ကျန်ရှိကြောင်းနဲ့ တိုင်းရင်းသားအရေး တန်းတူညီမျှစွာ ဆောင်ရွက်ပေးနေကြောင်း ပြောသွားတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013