DVB Logo
Home
မြန်မာသတင်း
လူငယ်များ အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးခြင်း မပြုလုပ်ရန် ကာချုပ်တိုက်တွန်း
DVB
·
November 29, 2018
လူငယ်များ အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးခြင်း မပြုလုပ်ရန် ကာချုပ်တိုက်တွန်း
Donate to DVB

လူငယ်လူရွယ်တွေ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရက်၊ ဆေးလိပ်၊ ကွမ်းစားတာတွေ မလုပ်ဖို့အတွက် ထိန်းသိမ်းဆောင်ရွက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောလိုက်ပါတယ်။

ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့ နာယက ဦးအောင်ခမ်းထီနဲ့ နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

ခုခါမှာ ပအိုဝ်းဒေသဟာ တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေးသာမက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမယ့် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ဖို့ လျှပ်စစ်ဓာတ်အားနဲ့ ရေကောင်းရေသန့်ရရှိအောင် ဆောင်ရွက်ဖို့တွေ ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်း ပြောသွားပါတယ်။

ဒ့ါအပြင် လူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ဗိုလ်ချုပ်မှူးကြီးက “ဒေသတွင်းရှိ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများမှ အတန်းပညာ မြင့်မားသော ပညာတတ်များ ထွက်ပေါ်လာပြီး မိမိတို့နယ်မြေ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ လူငယ်လူရွယ်များ ပညာကောင်းမွန်စွာ သင်ကြားနိုင်စေရန် အတွက် ဒေသအသီးသီးတွင် တက္ကသိုလ်ကျောင်းများ ရှိထားပြီးဖြစ်ကြောင်း၊ ပညာသင်ကြားနိုင်ရန် အတွက် ကျန်းမာရေးကောင်းမွန်ရန် လိုအပ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးခြင်းများ မပြုလုပ်ရန် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု ရရှိနေသော ပအိုဝ်းဒေသကို စံနမူနာပြ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊” ပြောပါတယ်။

ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) နာယက ဦးအောင်ခမ်းထီကတော့ ပအိုဝ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်မှ ကူညီဆောင်ရွက်ပေးနေမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားအားလုံးသည် တမြေတည်းနေ၊ တရေတည်းသောက်၊ တလေတည်းရှူရှိုက်နေကြရတာကြောင့် အားလုံး တစိတ်တဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အဲဒီတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုဗိုလ်ချုပ်ကြီးသန်းထွန်းဦးနဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) ဗဟိုကော်မတီဝင် ဦးခွန်မြင့်အောင်နဲ့ အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) နာယက ဦးအောင်ခမ်းထီနဲ့ အဖွဲ့ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ ဦးအောင်ခမ်းထီရဲ့သားဖြစ်သူက မီဒီယာတွေကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013