မြန်မာ-ဂျပန် အနုပညာပြပွဲ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
December 18, 2018
မြန်မာ-ဂျပန်ချစ်ကြည်ရေး ပန်းချီအနုပညာပြပွဲကို ရန်ကုန်တက္ကသိုလ် RC ခန်းမမှာ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၂ ရက်ထိ ၅ ရက်ကြာ ခင်းကျင်းပြသနေပါတယ်။
NOW လို့ အမည်ပေးထားတဲ့ ဒီပြပွဲကို ရန်ကုန်တက္ကသိုလ်၊ အာရှအနုပညာကွန်ရက်က ဂျပန်သံရုံးနဲ့ အာဆီယံ-ဂျပန်စင်တာတို့ရဲ့ ကူညီပံ့ပိုးမှုနဲ့ ပထမဆုံးအကြိမ် ကျင်းပနေတာ ဖြစ်ပါတယ်။
ပြပွဲကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါတယ်။
ဓာတ်ပုံ - သားကြီးမောင်ဇေယျ