DVB Logo
Home
မြန်မာသတင်း
ပန်းချီ ၀င်းဖေရဲ့အတ္တနောမတိ တကိုယ်တော် ပန်းချီပြပွဲ
DVB
·
February 19, 2017
ပန်းချီ ၀င်းဖေရဲ့အတ္တနောမတိ  တကိုယ်တော် ပန်းချီပြပွဲ
1 / 5
Donate to DVB

စွယ်စုံရ အနုပညာရှင် လို့ လူသိများတဲ့ ပန်းချီဆရာကြီးဦးဝင်းဖေရဲ့ အတ္တနောမတိ ပန်းချီပြပွဲကို ရန်ကုန်မြို့ အလုံလမ်း ပြည်သူ့ဥယျာဉ်ရှိ ရန်ကုန်ပန်းချီပြခန်းမှာ ဖေဖ၀ါရီ ၁၈ ရက်ကနေ ၂၁ ရက်ထိ ပြသနေပါတယ်။

ပြပွဲမှာ ၄ ပေ ပတ်လည် ပန်းချီကားပေါင်း ၂၅ ကား ကိုပြသထားပါတယ်။ ပန်းချီကားတွေဟာ ဆရာ့ရဲ့ ကိုယ်ပိုင်အယူအဆတွေဖြစ်ပြီး၊ ဆရာ့ရဲ့ စိတ်အမြင်၊ ဉာဏ်အမြင် ပန်းချီကားတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စိတ္တဇပန်းချီလို့ အများသိထားတဲ့ Abstract Art ဟာ အမြင်အာရုံနဲ့ပတ်သက်တဲ့ အတွင်းစိတ်ခံစားမှုကို ဇောင်းပေးရေးဖွဲ့ ထားတာဖြစ်ပြီး ကမ္ဘာမှာ ၁၉ ရာစု စောစောပိုင်းကတည်းက လူသိများခဲ့တာပါ။

ဒီလိုပန်းချီကားမျိုးတွေကို လူတွေ နားလည် ခံစားနိုင်ခြင်းရှိမရှိ ဆိုတာနဲ့ပတ်သက်လို့ ဒီဗွီဘီက ဆရာ့ကိုမေးမြန်းတဲ့အခါ ဆရာက “စိတ်ပညာရှင်တွေရဲ့ အလိုအရ ဒါတွေကိုကြည့်တဲ့အခါ လူတွေက နားလည်တယ်၊ သူတို့နားလည်တယ် ဆိုတဲ့အကြောင်းကို လူ ၁၀ ယောက်မှာ ၉ ယောက်က နားမလည်ဘူး။ သူတို့နားလည်တယ် ဆိုတာကို သူတို့နားမလည်ဘူး” လို့ ဆိုပါတယ်။

ဆရာဟာ မြန်မာပညာရှိ ရွှေပြည်ဦးဘတင်ရဲ့သားဖြစ်ပြီး မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် တွေမှာပညာသင်ယူခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြေးဒုက္ခသည်၊ ကားတွန်းဆရာ၊ ရတနာကုန်သည်၊ မန္တလေး ပန်တျာန်ကျောင်းအုပ်၊ စစ်အစိုးရ ဆန့်ကျင်ရေး ဘားလမ်း စာရေးဆရာများနှင့် အနုပညာသည်များ ၁၇ ဦးအဖွဲ့ဝင်၊ ရုပ်ရှင်နှင့်ဗီဒီယို ဒါရိုက်တာ၊ ထင်ရှားသော ၀တ္ထုတိုရေးဆရာ၊ RFA မြန်မာပိုင်း အစီအစဉ်ကို စတင်တည်ထောင်သူ၊ BBC နှင့် VOA အသံလွှင့်ဋ္ဌာနမှာ ပြင်ပ ဆောင်းပါးရှင်အဖြစ် ဘ၀မျိုးစုံဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။

ဆရာကြီးဟာ အသက် ၈၃ နှစ်အရွယ်ရောက်ရှိနေပေမယ့် အနုပညာလုပ်ငန်းတွေကို ကျန်းကျန်းမာမာ နဲ့ စတူဒီယို 4C မှာ အချိန်ပြည့် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013