DVB Logo
Home
မြန်မာသတင်း
ပန်းချီကိုကိုနိုင်၏ မြို့ပြမြင်ကွင်း ပန်းချီပြပွဲ
DVB
·
November 4, 2018
ပန်းချီကိုကိုနိုင်၏ မြို့ပြမြင်ကွင်း ပန်းချီပြပွဲ
1 / 4
Donate to DVB

ကောင်းကင်နဲ့ မြို့ပြ တိုက်ခေါင်မိုးတွေကြား ထိစပ်မှု အလှအပတွေကို ရေးဖွဲ့ထားတဲ့ ပန်းချီကိုကိုနိုင်ရဲ့ မြို့ပြမြင်ကွင်း (Urban Perspective) အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲကို ဘိုကလေးဈေးလမ်း အမှတ် ၁၀၀ မှာ တည်ရှိတဲ့ ပန်သူရိယ ပန်းချီပြခန်းမှာ ပြသနေပါတယ်။

ပြပွဲမှာ အခရစ်လစ် (Acrylic) ပန်းချီ ကားပေါင်း ၂၈ ကားကို ပြသထားပြီး နိုဝင်ဘာ ၂ ရက်နေ့ကနေ ၆ ရက်နေ့ထိ၊ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း မည်သူမဆို လာရောက်ကြည့်ရှုနိုင်ပါတယ်။

ပန်းချီဆရာ ကိုကိုနိုင်ဟာ  ၁၉၆၀ မှာ မွေးဖွားခဲ့ပြီး မော်လမြိုင်ဇာတိဖြစ်ပါတယ်။ မော်လမြိုင်မြို့က ပန်းချီ ဦးကျော်လှထံမှာ ပန်းချီပညာ သင်ယူခဲ့သူဖြစ်ပြီး အခုအချိန်ထိ တကိုယ်တော် ပန်းချီပြပွဲပေါင်း  ၇ ပွဲကို ပြသခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013