DVB Logo
Home
မြန်မာသတင်း
ကိုဆွေဝင်းအမှုရုံးချိန်းကို တရားလိုပြသက်သေ ဦးဝီရသူရောက်မလာ
DVB
·
December 17, 2018
ကိုဆွေဝင်းအမှုရုံးချိန်းကို တရားလိုပြသက်သေ ဦးဝီရသူရောက်မလာ
Donate to DVB

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ရင်​ဆိုင်​​နေရတဲ့အမှု  ဒီကနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေ ရောက်မလာတာ​ကြောင့် အမှု မစစ်ဆေးဖြစ်ခဲ့ပါဘူး။

တရားလိုပြသက်သေ မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူနဲ့ ကိုကျော်စွာထွန်း တို့ကို  မန္တလေးတိုင်း​ဒေသကြီး၊ မဟာအောင်မြေမြို့နယ် တရားရုံးက တရားဝင်​ ဆင့်​​ခေါ်ခဲ့​ပေမယ့် ​ရုံးချိန်းမလာ​ရောက်​ခဲ့တာ​ကြောင့် မစစ်​​ဆေးဖြစ်​ခဲ့တာလို့ ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

“ဒီနေ့က တရားလိုပြသက်သေတွေ မလာတဲ့အတွက် မစစ်ဖြစ်ဘူး​လေ။ နောက်နေ့ကို ဆက်ချိန်းပေးတယ်။ နောက်နေ့မှာ သူတို့ကို စစစ်မှာဖြစ်တယ်၊ ကျမကကို​ဆွေရဲ့အမူကို အမြန်​ဆုံးဖြစ်​​အောင်​ကြိုးစားသွားမှာပါ ဒီ​နေ့ပဲ ကျမက ဒီအမှုအတွက်​ ပါဝါတင်​တာပါ”

ဦးဝီရသူဟာ ပါရာဇိကကျနေပြီဖြစ်တယ်​လို့ မန္တလေးကဆရာတော်တစ်ပါးက မိန့်​ကြားခဲ့စကားကို ကိုးကားရေးသားခဲ့တဲ့သတင်းကို ကိုဆွေဝင်းက လူမှုကွန်ယက်စာမျက်နှာမှာ ဖြန့်​ခဲ့တဲ့အတွက်​ တရားစွဲဆိုခံခဲ့ရတာပါ​။

ဆရာတော်ဦးဝီရသူရဲ့ မိန့်ကြားချက်နဲ့အတူ ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) တာဝန်​ခံဦးကျော်မျိုးရွှေက ကိုဆွေဝင်းကို မတ်လ ၇ ရက်မှာ  ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှတ် (၇) နယ်မြေခံ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

ဒါကြောင့် ကိုဆွေဝင်းကို ဇူလိုင် ၃၀ ရက်က လေဆိပ်မှာဖမ်းဆီးခဲ့ပြီး တရားရုံးက အာမခံ ပေးထားတဲ့အတွက် ပြင်ပကနေ အမှုရင်ဆိုင်​နေတာဖြစ်ပါတယ်​။

Myamnmaar Now အယ်​ဒီတာချုပ် ကိုဆွေဝင်းအနေနဲ့ အမှုရင်​ဆိုင်​​ရတဲ့ရုံးချိန်း ပေါင်း ၄၀​ ကျော်​ရှိပြီး အချိန် ၁နှစ်​​ကျော် ကြာနေပြီလည်း ဖြစ်ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013