
ကနေဒီစင်တာမှာ သူ့အမည်ကို မတပ်ရဘူးလို့ တရားရုံးက ဆုံးဖြတ်လိုက်တာကြောင့် စင်တာကို ပိတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
တရားသူကြီးတယောက်က ထရမ့်ပ်ရဲ့ အမည်ကို စင်တာမှာတပ်ခွင့် ပိတ်ပင်ခဲ့ပြီး ကနေဒီစင်တာ ဘုတ်အဖွဲ့ကလည်း ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အဆောက်အအုံကို ၂ နှစ်ကြာ ပိတ်ပင်ဖို့ မဲပေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း အဲဒီတရားသူကြီးကပဲ ထရမ့်ပ်ရဲ့အမည် ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ဖူးကာ ပြုပြင်ဖို့ ခေတ္တပိတ်ထားဖို့ အဆိုကိုလည်း သူက ပိတ်ပင်ထားခဲ့ဖူးသူ ဖြစ်ပါတယ်။
ကနေဒီစင်တာမှာ ထရမ့်ပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး သူ့ရဲ့ ဝန်ကြီးတွေနဲ့ မဟာမိတ်တွေက ဘုတ်အဖွဲ့ဝင်တွေအဖြစ် ဆောင်ရွက်နေကြတာပါ။
စင်တာမှာ ထရမ့်ပ်က ပြန်လည်ပြုပြင်ပြီး ပြန်လည်ထိန်းသိမ်းထားတယ်ဆိုတဲ့ စာတမ်းကို ထည့်သွင်းဖို့ ဩဂုတ်လမှာ ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ကြပါသေးတယ်။
ထရမ့်ပ်ဟာ ပြီးခဲ့တဲ့နှစ်က နိုင်ငံတဝန်း တခြားအမည်တွေကို ပြောင်းလဲခဲ့သလို ကနေဒီစင်တာမှာလည်း သူ့အမည်ထည့်သွင်းဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကနေဒီစင်တာ ပိတ်ဖို့နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလကတည်းက ၃ ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ကာ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက်ချချိန်မတိုင်မီ တရားရုံးက အမိန့်စာ ထုတ်ပြန်ခဲ့တာပါ။
ဘုတ်အဖွဲ့က ကနေဒီစင်တာပိတ်ဖို့ အင်္ဂါနေ့မှာ ဆုံးဖြတ်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ စင်တာတံခါးတွေ ဖွင့်ထားဆဲလို့ ဆိုပါတယ်။
ထရမ့်ပ်ကတော့ လုံခြုံရေးအတွက် စင်တာကိုပိတ်ဖို့ ဘုတ်အဖွဲ့ဝင်တွေက တညီတညွတ်တည်း မဲပေးခဲ့ကြတဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထရမ့်ပ်က စင်တာအတွက် ဒေါ်လာ ၁၇ သန်း ရန်ပုံငွေ ရှာဖွေပေးခဲ့ကြောင်းနဲ့ လုပ်ဆောင်ချက်များ မအောင်မြင်ပါက အမေရိကန်တရားရေးဌာနမှာ အယူခံဝင်မယ်ဆိုတဲ့ အကြောင်းလည်း ထပ်မံ ရေးသားထားပါတယ်။
Source: Reuters











