DVB Logo
Home
မြန်မာသတင်း
ပြည်ပငွေလွှဲလုပ်ငန်းများကို ဗဟိုဘဏ်က စည်းမျဉ်းသစ်များဖြင့် ပိုမိုတင်းကျပ် 
DVB
·
May 21, 2026
Photo: The global new light of Myanmar
Photo: The global new light of Myanmar
Donate to DVB

စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က ပြည်ပငွေလွှဲလုပ်ငန်း (Overseas Remittance Business) တွေအတွက် ပိုမိုတင်းကျပ်လုပ်ဆောင်နေပါတယ်။

ဧပြီ ၂၈ ရက်က ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာပါ စည်းကမ်းချက်အသစ်တွေအရ ပိုမိုတင်းကျပ် နေတာဖြစ်ပြီး စည်းမျဉ်းသစ်တွေအရ လိုင်စင်သက်တမ်းကို ၃ နှစ် သတ်မှတ်ထားပြီး လုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ အာမခံကြေးအဖြစ် ကျပ်သိန်း ၁,၀၀၀ ဗဟိုဘဏ်မှာ ကြိုတင်အပ်နှံထားရမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် လိုင်စင်ကြေး ကျပ် သိန်း ၃၀ နဲ့ နှစ်စဉ်ကြေး ကျပ် ၃ သိန်းကိုလည်း ပေးသွင်းရမှာပါ။ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ (သို့မဟုတ် ၎င်းနှင့် ညီမျှသောပမာဏ) နဲ့အထက် လွှဲပြောင်းမှုတွေ အပြင် မသင်္ကာဖွယ်ရာ ငွေလွှဲမှု မှန်သမျှကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ဆီ မဖြစ်မနေ သတင်းပို့ဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ငွေလွှဲသူနဲ့ ငွေလက်ခံသူ ၂ ယောက်စလုံးရဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင်/နိုင်ငံကူးလက်မှတ် အချက်အလက်တွေနဲ့ ငွေလွှဲရတဲ့ အကြောင်းအရင်းကိုပါ အတိအကျ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

ဒီစည်းကမ်းသစ်တွေဟာ အရင် ၂၀၁၉ ခုနှစ်က ညွှန်ကြားချက်ကို အစားထိုးလိုက်တာဖြစ်ပြီး လုပ်ငန်းရှင်တွေနဲ့ ငွေလွှဲသူတွေအပေါ် ထိန်းချုပ်မှုတွေ ပိုမိုတင်းကျပ်လာတာကို တွေ့ရပါတယ်။

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ သံသယဖြစ်ဖွယ် အစီရင်ခံစာ (STR/SAR) တွေကို သတ်မှတ်ချိန်အတွင်း မပို့ရင် ဒဏ်ငွေ ကျပ် သိန်း ၁၀၀ ပေးဆောင်ရမယ်လို့ ပြဋ္ဌာန်းထားပြီး စည်းကမ်းမလိုက်နာလို့ လိုင်စင်ရုပ်သိမ်းခံရရင် လိုင်စင်အပ်နှံရမဲ့ အပြင် ဒဏ်ကြေးအဖြစ် ကျပ် ၁၀ သိန်း ကိုပါ ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒ့ါအပြင် ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာရင်ဖြစ်စေ၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမစတင်ရင်ဖြစ်စေ၊ မှတ်တမ်းတွေ စစ်ဆေးတွေ့ရှိဖို့ ပျက်ကွက်ရင်ဖြစ်စေ လိုင်စင်ကို အချိန်အကန့်အသတ်နဲ့ ဆိုင်းငံ့တာ ဒါမှမဟုတ် လုံးဝ ရုပ်သိမ်းတာတွေ လုပ်မယ်လို့ ဆိုထားပါတယ်။

လိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တာ၊ ဒါမှမဟုတ် စည်းမျဉ်းတွေကို ဖောက်ဖျက်တာတွေအတွက် နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ စတဲ့ တည်ဆဲဥပဒေတွေအရ တရားစွဲဆို အရေးယူခံရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

အခုလို စည်းမျဉ်းသစ်တွေ ထွက်ပေါ်လာတာဟာ နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ရဲ့ ဖိအားတွေ ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မက္ကဆီကိုနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ် ဇွန်လ အတွင်း တိုးတက်မှု တစုံတရာ မပြနိုင်ရင် အရေးယူမဲ့ နည်းလမ်းတွေ စဉ်းစားတော့မယ်လို့ FATF က သတိပေးထားတာပါ။

အဲဒီအစည်းအဝေးမှာ စစ်အာဏာရှင်ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌကလည်း FATF ရဲ့ လိုအပ်ချက်တွေကို ၂၀၂၆ အတွင်း အပြည့်အဝ အကောင်အထည်ဖော်ပါမယ်လို့ ကတိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013