DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမီးပုံးပျံပြိုင်ပွဲ အလုံးရေ ၄၀၀ ကျော် ဝင်ပြိုင်မည်
DVB
·
November 13, 2018
တောင်ကြီးမီးပုံးပျံပြိုင်ပွဲ အလုံးရေ ၄၀၀ ကျော် ဝင်ပြိုင်မည်
Donate to DVB

ဒီနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ၄၀၀ ကျော် ဝင်ပြိုင်မှာဖြစ်ပြီး မနှစ်ကထက် အလုံးရေ ပိုများလာသလို တခြားမြို့တော်တော်များများက မီးပုံးပျံတွေလည်း ဝင်ရောက် ယှဉ်ပြိုင်လာကြပါတယ်။

နိုဝင်ဘာ ၁၄ ရက် စတင်မယ့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲမှာ စုစုပေါင်း မီးပုံးပျံ ၄၁၄ လုံး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ညမီးကြီး ၈၁ လုံး၊ စိန်နားပန် ၄၂ လုံး၊ နေ့လွှတ် ခြေ ၂ ချောင်းအရုပ် ၁၅၉ လုံး၊ ခြေ ၄ ချောင်း အလုံး ၉၀၊ အရုပ်အုပ်စု ၄၂ လုံး လွှတ်တင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်း ပြန်ကြားရေးတာဝန်ရှိသူ စိုင်းအောင်မျိုးက “အုပ်စုဆိုတာကတော့ အနည်းဆုံး အကောင် ၃ ကောင် ပါတာပေါ့။ သူက အရုပ်အုပ်စုထဲမှာ ဆုကြေးအများဆုံးပဲ။ မနှစ်ကတော့ စုစုပေါင်း ၃၉၂ လုံးရှိတော့ ဒီနှစ် နည်းနည်းပိုလာတယ်။ တခြားမြို့ ၈ မြို့ကလည်း လာပြိုင်ကြတယ်။ ဒါက ဒီနှစ်အတွက် ထူးခြားတာပဲ” လို့ ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်က ၂ လုံး၊ ညောင်ရွှေနဲ့ ဟိုပုံးက ၄ လုံးစီ၊ လွိုင်လင်၊ ဆီဆိုင်၊ နောင်တရား၊ ရွာငံ၊ ပင်းတယမြို့တို့က တလုံးစီ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

နေ့လွှတ်အရုပ်တွေကို နေ့လယ် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ၊ ညလွှတ်အရုပ်တွေကိုတော့ ည ၆ နာရီကနေ အစီအစဉ် ပြီးဆုံးချိန်အထိ လွှတ်တင်သွားမှာ ဖြစ်ပါတယ်။

ပွဲတော်လုံခြုံရေးအတွက် စီစီတီဗွီကင်မရာ အလုံး ၅၀ ကျော် တပ်ဆင်ထားပြီး ရဲအင်အား ၇၀၀ လောက် တာဝန်ချထားတယ်လို့လည်း သိရပါတယ်။ ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်ကနေ ၂၂ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013