DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် မီးပုံးပျံအတွက် ယမ်းစပ်ရင်း ပေါက်ကွဲမီးလောင် (သတင်းဓာတ်ပုံ)
DVB
·
November 17, 2015
တောင်ကြီးတွင် မီးပုံးပျံအတွက် ယမ်းစပ်ရင်း ပေါက်ကွဲမီးလောင် (သတင်းဓာတ်ပုံ)
1 / 9
Donate to DVB

တောင်ကြီးမြို့ ကန်သာရပ်ကွက်မှာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက မီးပုံးပျံအတွက် ယမ်းစပ်ရင်း ပေါက်ကွဲပြီး အိမ်တလုံး မီးလောင်ခဲ့ပါတယ်။

“ညနေ ၃ နာရီကျော်က ဖြစ်တာ။ အခုတော့ ငြိမ်းသွားပါပြီ။ တအိမ်လုံး လောင်သွားတယ်။ ကားနှစ်စီးလည်း လောင်သွားတယ်။ အဲဒီအိမ်က အဖွားတယောက်နဲ့ ကလေးနှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံပို့လိုက်ရတယ်လို့ သိရတယ်” လို့ အခင်းဖြစ်ရာနေရာကို ရောက်နေတဲ့ တောင်ကြီးဒေသခံ ကိုအောင်မင်းသူက ဒီဗွီဘီကို ညနေ ၄ နာရီခွဲအချိန်မှာ ပြောပါတယ်။

ကန်သာရပ်ကွက်၊ နေကြာလမ်းမှာရှိတဲ့ အဲဒီအိမ်ဟာ မီးပုံးပျံ မီးဆရာအိမ်ဖြစ်ပြီး မီးပုံးပျံ လေးလုံးစာ ယမ်းပေါက်ကွဲတာ ဖြစ်တယ်လို့လည်း နေရာမှာ ရောက်နေတဲ့ ဒေသခံတချို့က ပြောပါတယ်။

မီးပုံးပျံတလုံးအတွက် ယမ်းပိဿာချိန် ၃၀ လောက် အသုံးပြုရတာ ဖြစ်ပါတယ်။

တောင်ကြီးမီးပုံးပျံပွဲကို နိုဝင်ဘာ ၁၈ ရက်ကစတင်ပြီး ၁၀ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကျော်ဇင်ထွန်း၊ နေလင်းသိုက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013