DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင် မီးပုံးပျံပွဲတွင် မိုးပျံကျောပိုးစက်ဖြင့် ပျံသန်းဖျော်ဖြေမည် (ရုပ်သံ)
DVB
·
November 17, 2015
ပြင်ဦးလွင် မီးပုံးပျံပွဲတွင် မိုးပျံကျောပိုးစက်ဖြင့် ပျံသန်းဖျော်ဖြေမည် (ရုပ်သံ)
Donate to DVB

နိုဝင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် ပြင်ဦးလွင် မီးပုံးပျံပွဲမှာ မိုးပျံကျောပိုးစက် ၂ စီးနဲ့ ပျံသန်းဖျော်ဖြေဖို့ ရှိပါတယ်။

အဲဒီမိုးပျံစက်ကို ပြင်ဦးလွင်မြို့မှာနေတဲ့ ကိုဖိုးလုံးက ဆိုင်ကယ်အင်ဂျင်နဲ့ လေထီးကို ဆက်စပ်ပြုလုပ်ခဲ့တာပါ။

“ကျနော်တို့ တီထွင်တာ မဟုတ်ပါဘူး။ ကျနော်တို့ အင်ဂျင်ကို မထွင်နိုင်ဘူး။ လေထီးကို မထွင်နိုင်ဘူး။ အဲဒီပစ္စည်းတွေကို ဆက်စပ်ပြီး ပျံသန်းနိုင်အောင် ကြိုးစားခဲ့တာပါ” လို့ သူက ပြောပါတယ်။

ငယ်ငယ်ကတည်းက ပျံသန်းဖို့ စိတ်ဝင်စားခဲ့တဲ့ ကိုဖိုးလုံးဟာ လက်ရှိမှာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို လုပ်နေပြီး ၂၀၁၁ ခုနှစ်မှာ အခု မိုးပျံစက်ကို စဆောက်ခဲ့တာပါ။

၂ နှစ်လောက် ကြိုးစားပြီးတဲ့နောက်မှာတော့ လေထဲမှာပျံနိုင်တဲ့ အဆင့်ကို ရောက်ခဲ့ပါတယ်။

သူ့ရဲ့ မိုးပျံစက်ကို ယာမာဟာ ဆိုင်ကယ်အင်ဂျင်သုံးထားပြီး လေထဲကို ပျံသန်းနိုင်ဖို့ အတွက်ကတော့ အချိန်စက္ကန့်ပိုင်းပဲ လိုတယ်လို့ သူက ပြောပါတယ်။

“လေထဲမှာတော့ တနာရီခွဲလောက်ကြာအောင် ပျံနေဖူးတယ်။ တယောက်တည်း ပျံနေရတော့ ပျင်းလာတယ်” လို့ ကိုဖိုးလုံးက ပြောပါတယ်။

လက်ရှိမှာတော့ သူ့မိတ်ဆွေတယောက်က နိုင်ငံခြားက မိုးပျံစက် ၀ယ်ထားတဲ့အတွက် အတူတူ ပျံလို့ရနေပြီလို့လည်း သူက ဆိုပါတယ်။

“လေထဲမှာ ပျံနေရတဲ့ အရသာက ဘယ်လိုမှ ပြောပြဖို့ မတတ်ဘူးဗျ။ လုံးဝ လွတ်လပ်နေတာ” လို့ သူက ပြောပါတယ်။

ကိုဖိုးလုံးဟာ သူ့ရဲ့ ကျောပိုးမိုးပျံစက်နဲ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲမှာ ပျံသန်း ဆင်းသက်ပြခဲ့ဖူးပါတယ်။

သူတို့ရဲ့မိုးပျံစက်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၇၀၀၀ လောက် အမြင့်ထိ ပျံသန်းဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013