DVB Logo
Home
မြန်မာသတင်း
ဘွဲ့လက်မှတ်အတုဖြင့် ထိုင်းမှတ်ပုံတင်လျှောက်ထားသူ ရှမ်းမိန်းကလေး အဖမ်းခံရ
DVB
·
August 25, 2026
Photo: Chiangmai News
Photo: Chiangmai News
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်း‌မိုင်ခရိုင် ချင်းဒေါင်းမြို့နယ်ထဲမှာ ရှမ်းမိန်းကလေးတယောက်က ဘွဲ့လက်မှတ် အတုနဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင် လျှောက်ထားတာကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ ချင်းမိုင်းနယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ချင်းဒေါင်းမြို့နယ်အုပ်ချုပ်ရေးရုံး မြို့နယ်ဦးစီးမှူးနဲ့ မှတ်ပုံတင်အရာရှိ နှစ်ယောက်ဟာ မနေ့ ဩဂုတ် ၂၄ ရက်က နန်းယာနု ဆိုသူ မိန်းကလေးတယောက်ကို ခေါ်ယူပြီး ချင်းဒေါင်းမြို့နယ်ရဲစခန်းမှာ အစိုးရဆိုင်ရာ စာရွက်စာတမ်းတုပမှုနဲ့ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

အကြောင်းမှာ ဒီမတိုင်ခင်က အဆိုပါ နန်းယာနု ဆိုသူ မြန်မာနိုင်ငံသား ရှမ်းတိုင်းရင်းသူဟာ ထိုင်းနိုင်ငံသားမှတ်ပုံတင် လျှောက်ထားရာမှာ ဆုခိုထိုင်း ထမာထီရာ့ချ် တက္ကသိုလ်မှ ဘီအေဘွဲ့ လက်မှတ်နဲ့ ပညာရေးအထောက်အထားနဲ့အတူ တင်ပြခဲ့ပါတယ်။

မှတ်ပုံတင်ဌာနက အထောက်အထားတချို့ကို မသင်္ကာလို့ အဆိုပါတက္ကသိုလ်ကို ဆက်သွယ် မေးမြန်းရာမှာ သူ့ရဲ့ စာရွက်စာတမ်းတွေ အားလုံး အတုဖြစ်ကြောင်း သိရှိရတာကြောင့် သူ့ကို ခေါ်ယူပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတာလို့ ဆိုပါတယ်။

ဒါဟာ ထိုင်းနိုင်ငံသားမှတ်ပုံတင် လျှောက်ထားရာမှာ မသမာမှုတွေ ကာကွယ်ဖို့နဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို စနစ်ကျစွာ ဆောင်ရွက်လျက်ရှိကြောင်း ယုံကြည်မှုရှိစေဖို့ ဆောင်ရွက် ရတာလို့ တာဝန်ရှိသူက ပြောပါတယ်။

ထိုင်းဥပဒေအရ အစိုးရဌာနဆိုင်ရာ စာရွက်စာတမ်းတွေ တုပတာ၊ အသုံးပြုတာတွေ တွေ့ရှိရင် ထောင်ဒဏ် အနည်းဆုံး ၆ လမှ ၁၀ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး ဘတ် ၁၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရနိုင်တယ်လို့ သတ်မှတ် ထားပါတယ်။

နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံမဲ့ မိဘကနေ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့သူတွေဟာ ထိုင်းကျောင်းမှာ ဘွဲ့ရသည်ထိ ပညာသင်ကြားခဲ့ရင် နိုင်ငံသားဥပဒေ ၇/၂ အရ ထိုင်းနိုင်ငံသား လျှောက်ထားခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

Source: Chiangmai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013