DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်-ရွှေကူ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာ တိုးချဲ့
DVB
·
October 28, 2018
ထီးချိုင့်-ရွှေကူ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာ တိုးချဲ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ ထီးချိုင့်-ရွှေကူအကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ တိုးချဲ့ဖွင့်လှစ်ပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ကသာခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးတင့်လွင်က ပြောပါတယ်။

“ထိန်းသိမ်းရေးဧရိယာက မြို့နယ်သုံးမြို့နယ်နဲ့ဆိုင်တာ၊ ပေါ့ထီးချိုင့်-ကသာ-ရွှေကူအလယ်မှာလည်း ကျတယ်၊ ခရိုင်မြို့လည်း ဖြစ်တယ်။ တနေ့နေ့ တချိန်ချိန်မှာ ဒီထိန်းသိမ်းရေးအတွက် အစုန်အဆန်ဆိုတာ ရှိတယ်လေ၊ ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဗျူဟာကျတဲ့နေရာ ဖြစ်တဲ့အတွက် ထိန်းသိမ်းရေးဧရိယာ တိုးချဲ့ဖွင့်လှစ်ရခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) မှ ကိုနိုင်လင်းက “ကမ္ဘာရှားပါး ဧရာဝတီလင်းပိုင်တွေကို ရေရှည်မှာ မျိုးသုဉ်းပျောက်ကွယ်မသွားအောင်၊ အကောင်အရေအတွက် တိုးပွားလာအောင်၊ သူတို့အပေါ်မှာ ကျရောက်နေတဲ့ ခြိမ်းခြောက်မှုတွေ စုပေါင်းကာကွယ်နိုင်အောင် အဓိကရည်ရွယ်ပြီး တိုးချဲ့ရခြင်း ဖြစ်တယ်” လို့ပြောပါတယ်။

ဧရာဝတီလင်းပိုင်းတွေဟာ မန္တလေး-ဗန်းမော်ကြား ကီလိုမီတာ ၄ဝဝ ကျော်အတွင်း အပိုင်းသုံးပိုင်းခွဲကာ ကျက်စားနေထိုင်ကြပါတယ်။

ကျောက်မြောင်း-မန္တလေးကြား၊ မလယ်-ရွှေကူကြား၊ စင်းခန်း-ဗန်းမော်ကြားမျာ ကျက်စားနေထိုင်ပြီး လက်ရှိ တိုးချဲ့လိုက်တဲ့ ထီးချိုင့်-ရွှေကူကြားမှာ ဧရာဝတီလင်းပိုင် အများဆုံးနဲ့ ပျံ့နှံ့ကျက်စားမှု အရှည်ဆုံးနေရာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လေ့လာရေးစာရင်းအရ မန္တလေးကနေ ဗန်းမော်ထိ ၆၅ ကောင် ရှိခဲ့ရာ ၂ ကောင်သေဆုံးသွားတာကြောင့် ၆၃ ကောင်သာ ကျန်ရှိနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013