DVB Logo
Home
မြန်မာသတင်း
ကျောက်တော်ကြီးဘုရားပွဲတွင် ရဲတပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံး
DVB
·
October 26, 2018
ကျောက်တော်ကြီးဘုရားပွဲတွင် ရဲတပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံး
Donate to DVB

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ကျင်းပနေတဲ့ ကျောက်တော်ကြီး ဘုရားပွဲဈေးတန်းမှာ အောက်တိုဘာ ၂၅ ရက် ညက ရဲတပ်သားတဦး ဓားထိုးခံရပြီး သေဆုံးသွား ပါတယ်။

အမှတ်(၂)နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်မျိုးညွန့်နဲ့ အဖွဲ့က လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ အသက် ၁၈နှစ်အရွယ် အောင်ပြည့်ဖြိုးကို   နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ဆေးမေးမြန်းရာ ဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်ရာမှာပါဝင်သူ အောင်ပြည့်ဖြိုးနဲ့ အတူပါလာတဲ့ ထက်နိုင်ဝင်း(ခ)ကုလားနဲ့ ရဲတပ်သား ကျော်ဇင်စိုးတို့ ပခုံးချင်းတိုက်မိရာက စကားများ ရန်ဖြစ်ပြီး ထက်နိုင်ဝင်း(ခ)ကုလားက အသင့်ပါလာသည့် ခေါက်ဓားနဲ့ ရဲတပ်သား ကျော်ဇင်စိုးအား ထိုးပြီး လူငယ်တွေ အုပ်စုလိုက် ထွက်ပြေးသွားခဲ့တယ်လို့ ရဲ စခန်းက သိရပါတယ်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက “ဓားနဲ့ထိုးတဲ့ ထက်နိုင်ဝင်း (ခ) ကုလားက ပြစ်မှုကျူးလွန်စဉ်အသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်း အရိုးအသွား (၆)လက်မလောက်ရှိ စတီးခေါက်ဓားကို သူလွှတ်ပစ်ခဲ့တဲ့ နေရာကို လိုက်လံပြသတဲ့နေရာကို သက်သေတွေနဲ့ အတူ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ အောင်ပြည့်ဖြိုးပါ ၁၈ ဦးကို အောင်မြေသာစံမြို့ နယ်တရားရုံးတွင် ချုပ်ရီမာန်တောင်းခံဖို့ လုပ်နေပါတယ်။ သေဆုံးသူ ရဲတပ်သားကျော်ဇင်စိုးကို ဓားနဲ့ ထိုးသူ ထက်နိုင်ဝင်း(ခ)ကုလားကိုလည်း ဖြောင့်ချက်တောင်း ယူနေပါတယ်။ မျက်မြင်သက်သေ၊ ပတ်ဝန်းကျင်သက်သေတွေကို စစ်ဆေးမှုနဲ့ ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူတွေကို အသေးစိတ်စစ်ဆေးနေပါတယ်'' လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်ရာမှာပါဝင်သူ  အားလုံးကို ဒီနေ့မနက် ၂ နာရီခွဲလောက်က ဖမ်းဆီးရမိခဲ့ပြီး အောင်မြေသာစံမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းမှာ အောင်ပြည့်ဖြိုးပါ (၁၈) ဦးကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

သတင်း- သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013