အင်္ဂလန်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ချက်အသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စပိန်နဲ့ပွဲက ရှုံးနိမ့်မှုအပြီးမှာ ရလဒ်ကောင်း ပြန်လည်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အင်္ဂလန်ညာနောက်ခံလူ အာနိုးဟာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး အန်သိုနီဂေါ်ဒွန် သွင်းယူတဲ့ဂိုးအတွက် ကမ္ဘာ့အဆင့် ဂိုးဖန်တီးမှုတကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။
ပွဲအပြီးမှာ နည်းပြ တူချယ်က အာနိုးရဲ့ ဂိုးဖန်တီးမှုစွမ်းရည်နဲ့ အကောင်းဆုံး စိတ်ဓာတ်ပိုင်းကို ချီးကျူးခဲ့ပါတယ်။
အာနိုးကလည်း လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခွင့်ရလို့ ဝမ်းမြောက်ကြောင်း၊ နည်းပြဖြစ်သူ အနေနဲ့ သူ့ရဲ့ခြေစွမ်းအပေါ် ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။










