DVB Logo
Home
မြန်မာသတင်း
ကားဖြင့် ဆိုင်ကယ် ၃ စီးအား တိုက်ခဲ့သည့် သံဃာတပါးကို အမှုဖွင့်
DVB
·
October 20, 2018
ကားဖြင့် ဆိုင်ကယ် ၃ စီးအား တိုက်ခဲ့သည့် သံဃာတပါးကို အမှုဖွင့်
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ အောက်တိုဘာ ၁၉ ရက်ညက ကားမောင်းပြီး ဆိုင်ကယ် ၃ စီးအား တိုက်ခဲ့တဲ့ သံဃာတပါးကို ယာဉ်တိုက်မှု၊ သာသနာညိုးနွမ်းမှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ မလှိုမြို့နယ် ခုနှစ်ချက်ရွာ ဘုန်းတော်ကြီးကျောင်းမှ ဥူးဣန္ဒာစာရ (ခ) ကိုအောင်ဆန်းဝင်း မောင်းလာတဲ့ ကရီနာကားငယ်က မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက် သီတာအေးလမ်းမှာ ဒေါက်တာ သက်ပိုင်စိုးနဲ့ ဦးဇော်မြင့်သိန်းတို့ရဲ့ ဆိုင်ကယ် ၂ စီးကို ဆင့်ကဲတိုက်မိပြီးနောက် သာစည်-မိတ္ထီလာလမ်း မိုင်တိုင် ၁/၄ နဲ့ ၅ အကြားမှာ ကိုဉာဏ်လင်းအောင် မောင်းလာတဲ့ ၃ ဘီးဆိုင်ကယ်ကို ထပ်တိုက်ပါတယ်။ ဒီနောက် မဟာစည်ရပ်ကွက်အတွင်းက ရေမြောင်းထဲ ထိုးကျခဲ့တယ်လို့ ဆိုပါတယ်။

မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်စိုးမိုးကျော်က "ဆိုင်ကယ် ၂ စီး၊ ၃ ဘီးဆိုင်ကယ် ၁ စီးတို့ကို တိုက်မိတယ်၊ ၃ ဦး ဒဏ်ရာရသွားတယ်။ မိတ္ထီလာဆေးရုံမှာ ဆေးကုနေပါတယ်၊ မစိုးရိမ်ရပါဘူး။ ခရိုင်သာသနာရေးမှူးလည်း အခင်းဖြစ်နေရာကို လာပါတယ်" လို့ ပြောပါတယ်။

ခရိုင်သာသနာရေးမှူး ဦးကိုကိုအောင်က "ဟုတ်ပါတယ် သာသနာညှိုးနွမ်းမှုနဲ့ အမှုဖွင့်ပါတယ်။ ရဟန်းသံဃာ ဆရာတော်တွေအနေနဲ့ ကြည်ညိုဖွယ်ရာမဆောင်တဲ့ ကား ဆိုင်ကယ် မောင်းနှင်ခြင်း မပြုရပါဘူးလို့ နိုင်ငံတော်သံဃာ့နာယက ထုတ်ပြန်ထားတာရှိပါတယ်။ ကြည်ညိုဖွယ်ရာမဖြစ်တဲ့ မူးယစ်နေတဲ့ အနေအထားလည်း တွေ့ရပါတယ်။ ဆိုင်ကယ်တစီးတိုက်မိပြီး ထိတ်လန့်ပြီး ဆက်မောင်းတာက ထပ်တိုက်မိကုန်တာပါ" လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းမှာ ဥူးဣန္ဒာစာရ (ခ) ကိုအောင်ဆန်းဝင်းအား ယာဉ်မဆင်မခြင်မောင်း၍ အသက်အန္တရာယ်ဖြစ်မှု၊ သာသနာညိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၂၉၅(က) တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013