DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေ ဈေးကစားမှုများ မလုပ်ရန် ဗဟိုဘဏ် သတိပေး
DVB
·
October 20, 2018
နိုင်ငံခြားငွေ ဈေးကစားမှုများ မလုပ်ရန် ဗဟိုဘဏ် သတိပေး
Donate to DVB

နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်ရသူတွေအနေနဲ့ ဈေးနှုန်းမတည်မငြိမ်ဖြစ်စေမယ့် ဈေးကစားတာမလုပ်ဖို့ ဗဟိုဘဏ်က ထပ်ပြီးသတိပေးလိုက်ပါတယ်။

အောက်တိုဘာ ၁၈ ရက်စွဲနဲ့ ဘဏ်နဲ့ လိုင်စင်ရ ကုမ္ပဏီအဖွဲ့အစည်းတွေကို စာပေးပို့ သတိပေးလိုက်တာပါ။

၂ဝ၁၂ ခုနှစ်ကစလို့ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရလုပ်ငန်းတွေနဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရဘဏ်တွေကို လိုက်နာဖို့ စာနဲ့ ၄ ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လိုင်စင်ရသူတွေအနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးစနစ် တည်ငြိမ်မှုကို ထိခိုက်စေမယ့်၊ နိုင်ငံတော်ရဲ့ ငွေကြေးစနစ်အပေါ် ပြည်သူတွေရဲ့ အယုံအကြည်ပျက်ပြားစေတဲ့၊ နိုင်ငံခြား ငွေလဲနှုန်းကို မတည်မငြိမ် ဖြစ်စေတဲ့ ဈေးကစားတာ ဒါမှမဟုတ် အဲဒီလို ဖြစ်စေမယ့် အကြောင်းတခုခုကို ဘယ်လိုနည်းနဲ့မှ မလုပ်ရဘူးလို့ တားမြစ်ထားတာပါ။

ဒီလိုလုပ်တာ တွေ့ရမယ်ဆိုရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ အပြစ်ပေးမယ်လို့လည်း ဆိုပါတယ်။

ဒေါ်လာဈေးဟာ စက်တင်ဘာလတုန်းက ၁ ဒေါ်လာကို ၁၆ဝဝ ကျော်အထိ မြင့်တက်ခဲ့ပြီး တရားမဝင် အရောင်းအဝယ်လုပ်နေသူ ၆ ယောက်ကို အထူးစုံစမ်းစစ်ဆေးရေးဌာနက ဖမ်းဆီး အရေးယူခဲ့ပါတယ်။

ဒီနောက်မှာတော့ အောက်တိုဘာလဆန်းမှာ တဒေါ်လာကို ၁၅၁၅ ကျပ်အထိ ပြန်ကျဆင်းခဲ့ပါတယ်။

မနေ့ကတော့ ဘဏ်တချို့ရဲ့ အရောင်းဈေးက ၁၅၈၃ ကျပ်အထိ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013