DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် ကမ်းပြို၍ နေအိမ် ၅ လုံးနှင့် ဆိုင်ခန်း ၂ ခန်း အရေးပေါ်ဖြိုဖျက်
DVB
·
October 13, 2018
မင်းပြားတွင် ကမ်းပြို၍ နေအိမ် ၅ လုံးနှင့် ဆိုင်ခန်း ၂ ခန်း အရေးပေါ်ဖြိုဖျက်
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ မိုးကြီးပြီး ရေးတိုက်စားမှုတွေကြောင့် ကမ်းပြိုကျမှုဖြစ်ခဲ့လို့ နေအိမ် ၅ လုံးနဲ့ ဈေးဆိုင်ခန်း ၂ ခန်းကို အရေးပေါ်ဖြိုဖျက်လိုက်ရတယ်လို့ ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

ပန်းမြောင်းအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က “အိမ်တွေပြိုသွားတာကတော့ ဥယာဉ်သာကမ်းမှာ ပြိုကျသွားတာပါ။ အိမ်က ၅ အိမ်ပါသွားတယ်။ ဆိုင်ခန်း ၂ ခန်းပါသွားတယ်။ အရေးပေါ်ဖြို ဖျက်လိုက်ရပါတယ်။ မနေ့ကမ်းပြိုနေတာ ဒီကနေ့ မနက်ပိုင်းကမ်းတွေ ထပ်ပြိုဆင်းနေတယ်။ အိမ်တွေကတော့ အရေးပေါ် ဖြိုဖျက်လိုက်ရတယ်”လို့ပြောပါတယ်။

ကမ်းပြိုရာမှာ ပါဝင်သွားတဲ့ မိသားစုဝင်တွေကို နီးစပ်ရာဆွေမျိုးမိသားဝင်တွေဆီမှာ ခေတ္တနေထိုင်နေရပါတယ်။

အဲ့ဒီ ဥယျာဉ်သာကမ်းတလျှောက်မှာ မိုးကြီးပြီး ရေတိုက်စားလို့ ကမ်းတွေပြိုလာနေတာကြောင့် စိုးရိမ်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပန်းမြောင်းကျေးရွာ ဥယာဉ်သာရပ်ကွက်ဦးလှမောင်အေး “အိမ်နဲ့ ဆိုင်ခန်းတွဲပြီးတော့ ပါသွားတာ။ တချို့ ဒီကနေ့ မနက်ကမှ အိမ်တွေဆိုင်ခန်းတွေ ဖျက်လို့ပြီးတော့မယ်။ ကျနော်မှာတော့ ဆိုင်းခန်းတွဲပြီးအိမ်ကို ပြိုကျလာမှာကိုစိုးလို့ ဖျက်လိုက်ရတယ်။ ဒီအတိုင်းပြိုနေရင်တော့ စိုးရိမ်းရတဲ့ အခြေအနေရှိတယ်” လို့ ပြောပါတယ်။

ကမ်းပြိုလို့ နေအိမ်တွေဆိုင်ခန်းတွေပါ သွားတဲ့သူတွေကို ကူညီထောက်ပံမှုတွေ ဆောင်ရွက်ပေးထားတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူရုံး ဦးစီအရာရှိ ရဲမင်းဦးက ပြောပါတယ်။

“လောလောဆယ် ၅ အိမ်စာရင်းရထားပါတယ်။ လူဦးရေ ၂၀ ပါ။ လောလောဆယ် ကယ်ဆယ်ရေး ပစ္စည်းတွေ ၁၀ မျိုးပေးထားပါတယ်။ ဆန်ရိက္ခာ ၇ ရက်စာပေးသွားပါမယ်။ အခုသူတို့ အိမ်တွေပါ ပြိုပါသွား တယ်ဆိုတော့ အိမ်ဆောက်ပစ္စည်းဖိုးပါ အမြန်ဆုံးထောက်ပံ့ဖို့ စီစဉ်နေပါတယ်။ အဲဒီမှာ ကျနော်တို့ မြောက်ဦးခရိုင် ရှိတယ်ဆိုတော့ အဲဒီကနေ့ ထောက်ပံ့မှာပါ” လို့ ပြောပါတယ်။

မင်းပြားမြို့နယ်အတွင်းက လေးမြို့ချောင်းကမ်းတလျှောက်မှာ ရေတိုက်စားမှုတွေကြောင့် ကမ်းတွေပြိုကျနေပြီး လယ်ယာမြေဆုံးရှုံမှုတွေ၊ နေအိမ်တွေဆုံးရှုံးမှုတွေနဲ့ နှစ်စဉ် ကြုံနေရတာဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို-ဓာတ်​ပုံ- ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013