EU ကာကွယ်ရေးဝန်ကြီးများ ဘရပ်ဆဲလ်တွင် တွေ့ဆုံဆွေးနွေး

ယူကရိန်းကာကွယ်ရေးဝန်ကြီး ယဲဗ်ဟေညီကူမာရာ ပါဝင်တက်ရောက်တဲ့ ဥရောပသမဂ္ဂ (EU) ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ ယူကရိန်းနိုင်ငံအရေးနဲ့ ဒေသတွင်း လုံခြုံရေးကိစ္စရပ်တွေ ကို ဆွေးနွေးဖို့ ဝန်ကြီးတွေဟာ နိုဝင်ဘာလ ၁၇ ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဥရောပနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေဟာ အရေးပါတဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ဆောင်တာတွေအတွက် အမေရိကန်နည်းပညာနဲ့ ဆော့ဖ်ဝဲကုမ္ပဏီကြီးတခုဖြစ်တဲ့ Palantir Technologies တို့အပေါ် မှီခိုအားထား နေရမှုကို လျှော့ချဖို့ ကြိုးပမ်းနေပါတယ်။
အမေရိကန်အစိုးရက ဒေသတွင်းမှာ စစ်ရေးအရ တည်ရှိမှုကို လျှော့ချလာတာနဲ့အမျှ ဥရောပနိုင်ငံ တွေအနေနဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် တာဝန်ပိုယူဖို့ အမေရိကန်က တိုက်တွန်းထားပြီး၊ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အပေါ်မှာလည်း ဖိအားတွေ သက်ရောက် ခဲ့ပါတယ်။
Source: Reuters











