DVB Logo
Home
မြန်မာသတင်း
အစိုးရကို အခန်းငှားရမ်းခမပေးသူများတွင် နိုင်ငံရေးပါတီများပါဝင်နေ
DVB
·
October 5, 2018
အစိုးရကို အခန်းငှားရမ်းခမပေးသူများတွင် နိုင်ငံရေးပါတီများပါဝင်နေ
Donate to DVB

နိုင်ငံတော်အစိုးရထံကနေ တိုက်ခန်းတွေ ငှားရမ်းပြီး လစဉ်ပုံမှန်မပေးသွင်းတဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီကို အိမ်ငှားစာချုပ်ဖောက်ဖျက်မှုနဲ့အရေးယူပြီး တိုက်ခန်းတွေ  ပြန်လည်သိမ်းယူမယ်လို့ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာအရသိရပါတယ်။

အိုးအိမ်ဌာနဆီကနေတိုက်ခန်းငှားပြီး လစဉ်ပုံမှန်မပေးသွင်းတဲ့ နိုင်ငံရေးပါတီတချို့ကို အိမ်ငှားစာချုပ်ဖောက်ဖျက်မှုနဲ့ ပြန်လည်သိမ်းယူပြီး အရေးယူခံရမယ်ဆိုတာ ရန်ကုန်တိုင်း ညွှန်ကြားရေးမှူးရုံးက ပြီးခဲ့တဲ့နှစ်စကတည်းက ထပ်မံသတိပေးထားတာကို စာရင်း စစ်ချုပ်အစီရင်ခံစာမှာဖော်ပြထားတယ်လို့ တိုင်းလွှတ်တော် အမတ်တွေကပြောပါတယ်။

တိုက်ခန်းငှားရမ်းထားတဲ့ ပါတီတွေကို ပုံမှန်ပေးသွင်းဖို့နဲ့ ရက်လွန်ရင် ၁၀ ရာခိုင်နှုန်း၊ ၁ လလွန်မှပေးရင် ၁၅ ရာခိုင်နှုန်း၊ ၂ လလွန်မှ ပေးရင်၂၀ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ၃ လအထိပေးဆောင်ဖို့ ပျက်ကွက်ရင်  အိမ်ငှားစာချုပ်ဖောက်ဖျက်မှုနဲ့ ပြန်လည်သိမ်းယူပြီး အရေးယူခံရမယ်လို့ရန်ကုန်တိုင်း ညွှန်ကြားရေးမှူးရုံးက သတိပေးထားတယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ၊ အပိုင်း ၁ မှာ တိုက်ခန်းပေါင်း ၇၆၈ ခန်းရှိပါတယ်။ အဲဒီထဲက တိုက်အမှတ် ၉ မှာရှိတဲ့ အခန်း (၁၁) ခန်းကို နိုင်ငံရေးပါတီ ၁၁ ခုကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)က ၂၀၁၅ မေလ ၂ ရက် ရက်စွဲနဲ့ ငှားရမ်း သုံးစွဲခွင့်ပြုခဲ့တယ်လို့  သိရပါတယ်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် စတင်ငှားရမ်းချိန်က စာချုပ်ချုပ်ဆိုခဲ့တာမျိုးမရှိဘဲ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနဲ့ ငှားရမ်းသူတွေဟာ တလကို ကျပ်ငွေ ၂၂,၀၀၀ နှုန်းနဲ့ တိုက်ခန်း အငှားစာချုပ် ချုပ်ဆိုခဲ့တာကို တွေ့ရတယ်လို့ဆိုပါတယ်။

ငှားရမ်းထားတဲ့ နိုင်ငံရေးပါတီ ၁၁ ခုကတော့ မြိုတိုင်းရင်းသားပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊ ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗမာပြည်သူ့ပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေး ပါတီနဲ့ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြပါတယ်။

ဒီထဲမှာနိုင်ငံရေးပါတီ ၇ ခုက ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ အထိ ငှားရမ်းထားပြီး ကျန်တဲ့ ပါတီ ၄ ခုကတော့ ၂၀၁၉ ခုနှစ်အထိ ငှားရမ်းထားတယ်လို့ စာရင်းစစ်ချုပ်အစီရင်ခံစာအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013