DVB Logo
Home
မြန်မာသတင်း
မင်းပြား ကျွဲအစုအပြုံလိုက်သေဆုံးမှု ရန်ကုန်ဓာတ်ခွဲခန်းတွင် စစ်ဆေးနေ
DVB
·
September 29, 2018
မင်းပြား ကျွဲအစုအပြုံလိုက်သေဆုံးမှု ရန်ကုန်ဓာတ်ခွဲခန်းတွင် စစ်ဆေးနေ
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်း အိုးပျဉ်းတောင်ကျေးရွာအနီးနဲ့ ရိုးမတောင်တွေမှာ ကျွဲတွေ အစုအလိုက်အပြုံလိုက် သေဆုံးမှုတွေဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ အဖြေသိရှိဖို့ သေဆုံးကျွဲတွေရဲ့ နမှုနာတွေကို ရန်ကုန် အင်းစိန် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းမှာ ပို့ဆောင်စစ်ဆေးနေပါတယ်။

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ သန်းနိုင်က “ဆေးစစ်ချက်အဖြေကတော့ ရောဂါပိုးအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ Virus ဆိုရင် နှစ်ပတ်လောက်တော့ကြာပါတယ်။ ရိုးရိုး ဗက်တီးရီးယားတို့ဆိုရင် မြန်ပါတယ်။ သူကတော့ တပတ်အတွင်း သိနိုင်ပါတယ်။ အခုဟာက အင်းစိန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို ပို့ထားပါတယ်” လို့ ပြောပါတယ်။

နေပြည်တော်ရုံးချုပ် ရောဂါပျံ့နှံ့မှုလေ့လာရေး ဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းမင်းအဖွဲ့၊ ပြည်နယ်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ မြို့နယ်နဲ့ မြို့နယ်မွေးမြူးရေးနှင့် ကုသရေး ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ဦးလွင်တို့ ဖြစ်ပွားခဲ့တဲ့နေရာကို သွားရောက်လေ့လာခဲ့ပြီး သေဆုံးသွားတဲ့ ကျွဲအစိတ်အပိုင်း နမူနာတွေကို ယူလာခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကျွဲတွေရဲ့ အရိုးတွေ၊ အနီးအနားမှာရှိတဲ့ မြေကြီးတွေ၊ ရေတွေနဲ့ ဝါးရွက်၊ မြက်၊ မျှစ်၊ စတဲ့ နမူနာတွေကို ယူဆောင်လာပြီး ဓာတ်ခွဲခန်းကို စက်တင်ဘာ၂၇ ရက်နေ့က ပို့ဆောင်ထားတယ်လို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ပြည်နယ်ဦးစီးမှူးက ဒေါက်တာသန်းနိုင်က ပြောပါတယ်။

ကျွဲတွေ ဘယ်ရောဂါကြောင့် သေဆုံးသွားတယ်ဆိုတာ လတ်တလောမှာတော့ ခန်မှန်း မရသေးဘူးလို့ ဆိုပါတယ်။

အခုလို ကျွဲတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့တာဟာ သြဂုတ်လအကုန်ပိုင်းလောက်က စခဲ့တာဖြစ်ပြီး ကျွဲ ၄၆ ကောင် သေဆုံးခဲ့တယ်လို့ ဒေါက်တာသန်းနိုင်က ပြောပါတယ်။

“အိုးပျဉ်းတောင်ကျေးရွာကနေ တောင်ပေါ်တွေတက်တယ်။ အဲ့ဒီမှာ နှစ်ကောင်သေတယ်။ နောက်ပြီးတော့ ဦးခေါင်းခွံရယ်၊ အရိုးရယ် တွေ့တာ ၃ ကောင်၊ ပထမတောင်ကုန်းမှာ အရိုးပဲ ကျန်ရှိနေတဲ့ ကျွဲအသေ ၄ ကောင်တွေ့တယ်။ ဆန်စိမ်းအိုင်တောင်တန်းတဝိုက် ကျွဲအသေ ၁ဝ ကောင်ထပ်တွေတယ်။ စုစုပေါင်း ၁၇ ကောင် တွေ့တယ်။ ကျေးရွာရွာလူကြီးတွေကတော့ ကျွဲ ၄၆ ကောင်လို့ ပြောပါတယ်။”

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင်တို့အဖွဲ့တို့ဟာ ကျေးရွာ ၃ ရွာကို သွားရောက်ပြီး အသိပေးပညာပေးဟောပြောတာတွေ၊ လက်ကမ်းစာစောင် ပေးတာတွေ ဆောင်ရွက်တယ်လို့ပြောပါတယ်။

“ဒီလိုမဖြစ်ရအောင် ရောဂါကာကွယ်နိုင်ငံတဲ့အသိရှိဖို့ လိုပါတယ်။ ကျွဲနွားတွေကို ဒီလိုမလွှတ်ကျောင်းဘဲနဲ့ စနစ်တကျခြံတွေနဲ့ လှောင်ပြီးတော့မွေးမယ်။ နောက်ပြီးတော့ ပုံမှန်ပိုးသတ်ဆေးတွေ ဘာတွေထိုးမယ်။ အစာကျွေး ရေတိုက်ကအစ စနစ်တကျသန့်သန်းရှင်းကျွေးမယ်ဆိုရင် ဒီရောဂါက ဖြစ်ပွားမှုနည်းသွားမှာပေါ့။ ရောဂါဖြစ်ပွားတဲ့ အခါမှာလည်း သက်ဆိုင်ရာမွေးကုဌာနကို သတင်းပို့ဆောင်ရွက်သွားမယ်ဆိုဆိုလို့ရှိရင် အတက်နိုင်ဆုံး ရောဂါကို ကာကွယ်နိုင်မယ်လို့ထင်ပါတယ်။

လက်ရှိမှာတော့ လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်၊ လက်ပုပ်ရောဂါတွေကို အခမဲဆေးတွေ ထိုးပေးနေတယ်လို့ ဒေါက်တာ သန်းနိုင်ကပြောပါတယ်။

တောင်သူတွေရဲ့ ကျွဲတွေ သေဆုံးမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ မြို့နယ်တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013