
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမား ၄ ယောက်ဟာ လာမဲ့ အောက်တိုဘာလကုန်မှာ ရန်ကုန်မြို့ကို လာရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံကိုလာမဲ့ မန်ယူဂန္ထဝင်ကစားသမား ၄ ယောက်ကတော့ ရွိုင်ယန်ဂစ်၊ အန်ဒါဆန်၊ ဘာဘာတော့ဗ်နဲ့ ပတ်ထရစ်အီဗရာတို့ ဖြစ်ပြီး အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အထိ Melia ဟိုတယ်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံကြမှာ။
တွေ့ဆုံပွဲအတွက် လက်မှတ်နှုန်းထားတွေကတော့ VIP ကျပ် ၃ သိန်း၊ ဇုန် A ကျပ် ၂ သိန်း၊ ဇုန် B ကျပ် ၁ သိန်းခွဲ၊ ဇုန် C ကျပ် ၁ သိန်း အစားစားသတ်မှတ်ထားပါတယ်။
နိုဝင်ဘာ ၁ ရက် တွေ့ဆုံပွဲမှာတော့ အင်းလျားရိပ်သာဟိုတယ်ဝင်းမှာရှိတဲ့ YCC ခန်းမမှာ မန်ယူကစားသမားဟောင်းတွေနဲ့အတူ အဆိုတော် ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ Lu Hpring၊ ထွန်းထွန်း၊ ဝိုင်းစုခိုင်သိန်းနဲ့ ရဲလေးတို့ကလည်း ပရိသတ်ကို သီဆိုဖျော်ဖြေသွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် ပျော်ပွဲရွှင်ပွဲ ဂိမ်းကစားပွဲတွေနဲ့ ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ် အစီအစဉ်များစွာ ပါဝင်မယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။











