
မန်ချက်စတာယူနိုက်တက် အကယ်ဒမီ တိုက်စစ်မှူး အသက် ၁၅ နှစ်အရွယ် ဂျေဂျေဂါဘရီယယ်လ်ဟာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုကြောင်း အကြောင်းကြားထား ပြီးနောက် ဘာစီလိုနာမြို့ကို ရောက်ရှိနေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
သူ့ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေ ကြတာပါ။
ဂါဘရီယယ်လ် ဟာ အောက်တိုဘာ ၆ ရက်မှာ အသက် ၁၆ နှစ် ပြည့်မှာဖြစ်ပြီး အီးယူ နိုင်ငံကူး လက်မှတ်ရရှိပါက ဥရောပကလပ်တခုကို ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။
မန်ယူနည်းပြ မိုက်ကယ် ကားရစ်ကတော့ လူငယ်ကစားသမားဖြစ်တာကြောင့် အဘက်ဘက်က ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပြီး အခြေအနေတွေ အဆင်ပြေသွားမယ်လို့ ပြောပါတယ်။
Photo: Reuters











