DVB Logo
Home
မြန်မာသတင်း
တောင်ငူခရိုင်တွင် ရေကြီးမှုကြောင့် လယ်ဧက ၄ သောင်းကျော် ပျက်စီး
DVB
·
September 7, 2018
တောင်ငူခရိုင်တွင် ရေကြီးမှုကြောင့် လယ်ဧက ၄ သောင်းကျော် ပျက်စီး
Donate to DVB

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ (ယာဘက်ခြမ်း) ပဲ့ကျပြီး ရေကြီးမှုကြောင့် တောင်ငူခရိုင် ရေတာရှည်၊ ထန်းတပင်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီးမြို့နယ်တွေအတွင်း လယ်မြေထိခိုက်ဧက ၆၀၈၈၁ ဧကရှိပြီး စုစုပေါင်း ၄၁၆၁၄ ဧက ပျက်စီးခဲ့တယ်လို့ ပဲခူးတိုင်းအစိုးရ ထုတ်ပြန်ပါတယ်။

လယ်ယာမြေဧက စုစုပေါင်း ၁၄၀၀၀၀ ကျော် ရေလွှမ်းခဲ့ပြီး ဧက ၄၈၀၀၀ ကျော် ရေလွှမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်းနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၁၅ ခု ဖွင့်လှစ်ထားရပြီး အိမ်ထောင်စု ၁၈၀၀၀ ကျော်၊ လူဦးရေ ၈၀၀၀၀ ကျော် ခိုလှုံနေထိုင်နေကြရပါတယ်။

အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်း၊ မူလတန်းကျောင်း ၅၇ ကျောင်း ယာယီကျောင်းပိတ်ထားရတယ်။

တာတမံကျိုးခဲ့တဲ့ သြဂုတ် ၂၉ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၂ အုပ်စုက နေအိမ် ၁၈၅ လုံး ရေစီးအတွင်း မျောပါခဲ့တယ်လို့လည်း ပဲခူးတိုင်းအစိုးရသတင်းမှာ ဖော်ပြပါတယ်။

တောင်ငူခရိုင်အတွင်း နေအိမ် ၅၂၉ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်း၊ တခြားအဆောက်အဦ ၆ လုံး၊ တံတား ၂၂ စင်း၊ လမ်း ၃၉ လမ်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၄၅၉၄ ကျော် ရှိတယ်လို့ တိုင်းအစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013