DVB Logo
Home
မြန်မာသတင်း
အစားအစာများကို သေချာစစ်ဆေးဝယ်ယူကြရန် အက်ဖ်ဒီအေ ပြော
DVB
·
September 1, 2018
အစားအစာများကို သေချာစစ်ဆေးဝယ်ယူကြရန် အက်ဖ်ဒီအေ ပြော
Donate to DVB

အစားအစာတွေ ဘေးကင်းဖို့အတွက် တွေ့ကရာမဝယ်ဘဲ သေချာစစ်ဆေး ဝယ်ယူ သင့်တယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ပြောကြားပါတယ်။

နေ့စဉ်စားသုံးနေကြရတဲ့ အခြေခံစားသောက်ကုန်နဲ့ မုန့်မျိုးစုံမှာ အရောင်ဆိုးဆေးနဲ့ ဓာတုဆိုးဆေးတွေ ပါဝင်နေပြီး စားသုံးသူတွေအနေနဲ့ သတိပြုစားသုံးသင့်ပါတယ်။

ဝယ်ယူတဲ့ စားသုံးကုန်ပစ္စည်းက သက်တမ်းလွန်နေတာ၊ အထားအသိုမှားတာတွေကြောင့် ရောဂါပိုးတွေ ကူးစက်ခံနေရပြီး စားသုံးသူတွေ အထူးဂရုပြုဝယ်ယူရမယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ပြောပါတယ်။

အစားအသောက်ဌာနခွဲ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာစံပယ်ထက်ထက်ထူးက “စားသောက်ကုန်တွေကို မျက်စိမှိတ်မဝယ်ဘဲနဲ့ မျက်စိမှိတ်စားသုံးခြင်း မဟုတ်ဘဲနဲ့ ဒီအပေါ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို လေ့လာ။ ပြီးတော့မှ ဝယ်ယူစားသုံးဖို့လည်း လိုအပ်ပါတယ်။ ထားသင့် တဲ့နေရာမှာ မထားရင်လည်း မလိုလားအပ်တဲ့ ပိုးမွှားပါဝင်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ အားလုံးမှာ တာဝန်ရှိတယ်” လို့ ပြောပါတယ်။

FDA ရဲ့ စာရင်းတွေအရ ၂ဝ၁၆ ပထမရှစ်လအတွင်း  ဈေးကွက်နမူနာ ကောက်ယူခဲ့တဲ့ စားသောက်ကုန် ၁,၂၂၃ မျိုးထဲ ၃၅၃ မျိုးမှာ ဓာတုဆေးတွေ သုံးထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အထူးသဖြင့် ရိုးရာအစားအစာဖြစ်တဲ့ လက်ဖက်နဲ့ အခြေခံစားကုန်တွေဖြစ်တဲ့ မျှစ်၊ ငါးပိ၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ဆေးကုလားမ၊ ပဲနီလေး၊ ပဲကြီးလှော်နဲ့ ဆေးနီမှုန့်တွေမှာ တားမြစ်ထားတဲ့ အရောင်ဆိုးဆေးတွေ အသုံးပြုနေတာပါ။

ဒါ့အပြင် မုန့်ဟင်းခါးဖတ်နဲ့ ပဲပြားလို အစားအစာတွေမှာတော့ ကြာရှည်ခံဖို့အတွက် ဖော်မယ်လင်လို တားမြစ်ဓာတုဆေး အသုံးပြုတာကို တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာလို စားသုံးကုန်ပစ္စည်း သုတေသနပြုလုပ်သူတွေနည်းပါးပြီး လုပ်ငန်းရှင်တွေကလည်း စားသုံးသူအပေါ် တာဝန်ခံမူနည်းပါးပါတယ်။

မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး-၃ ဦးခင်ဇော်ထွန်း က “ကျနော်တို့ သုတေသနတွေလုပ်ရမယ်။ အဲဒီ သုတေသနတွေပေါ် အခြေခံပြီး စားသုံးသူကို ပညာပေးရမယ်။ ထို့အတူပဲ ကျနော်တို့က သုတေသန တွေ့ရှိချက်နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာဖို့ ကျနော်တို့က တဖက်တလမ်းကနေ ဝိုင်းဝန်းကူညီဖန်တီးမှ ရမှာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ  Sudan Dyes အနီရောင်ဆိုးဆေး၊ Auramine O အဝါရောင်ဆိုးဆေး၊ Rhodamine B အနီရောင်ဆိုးဆေး Orange || လိမ္မော်ရောင်ဆိုးဆေးတွေကို ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့်၊  လက်ဖက်၊ ယိုစုံနဲ့ ပဲနီလေး ချည်ထည် ပိုးထည်တွေမှာအများဆုံးတွေ့ရပြီး ဆိုးဆေးသုံးထားတဲ့ အစားအစာတွေကို မစားကြဖို့ FDA က သတိပေးနှိုးဆော်ထားပါတယ်။

ပြည်သူတွေ နေ့စဉ်စားသုံးနေတဲ့ အစားအစာနဲ့ဆေးဝါးတွေ ဘေးကင်းလုံခြုံဖို့အတွက် ၂ဝ၁၈ ခုနှစ်အတွင်း အစားအသောက်၊ ဆေးဝါးနဲ့ အလှကုန်ဆိုင်ရာ နိုင်ငံတော်အဆင့် စီမံကိန်းသုံးခု ထွက်ရှိမယ်လို့ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013