DVB Logo
Home
မြန်မာသတင်း
အစိုးရ ပွင့်လင်းမြင်သာမှု အားနည်းနေဟု  အန်အယ်လ်ဒီအမတ် လွှတ်တော်တွင် ဝေဖန်
DVB
·
August 28, 2018
အစိုးရ ပွင့်လင်းမြင်သာမှု အားနည်းနေဟု  အန်အယ်လ်ဒီအမတ် လွှတ်တော်တွင် ဝေဖန်
Donate to DVB

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ အန်အယ်လ်ဒီလွှတ်တော်အမတ်က ဝေဖန် ပြောကြားလိုက်ပါတယ်။

ပြည်သူတွေအတွက် အစိုးရတာဝန် ရယူထားသူတွေ ဖြစ်လို့ အစိုးရအဖွဲ့ရဲ့ အခက်အခဲနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်နေမှုတွေကို ပြည်သူတွေအနေနဲ့ သိရှိခွင့်ရှိတဲ့အတွက်  အန်အယ်လ်ဒီ အစိုးရအနေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ပွင့်ပွင်းလင်းလင်း ချပြဖို့ လိုအပ်နေပြီဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကိုက ပြောပါတယ်။

သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုရမည်ဆိုရင် လက်ရှိ အန်အယ်လ်ဒီ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ သြဂုတ်လ ၂၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေး စဉ်မှာ ဦးရွှေကိုက အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“လိုအပ်တဲ့ အချက်ကတော့ ပွင့်လင်းမြင်သာမှုရှိဖို့ပါပဲ။ ပြည်သူတွေကို ကျနော်တို့ ယခု တွေ့ကြုံနေရတဲ့ အခြေအနေတွေကို၊ ကျနော်တို့ လုပ်ကိုင်နေရတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ အစိုးရ ပွင့်လင်းမြင်သာမှုအပိုင်းမှာ အားနည်းပါတယ်။ ကျနော်တို့  အခု တာဝန်ယူထားကြတယ်၊ လုပ်ကိုင်နေတယ်ဆိုတာ ပြည်သူအတွက်ပါ။ အဲတော့ ကျနော်တို့ ကြုံတွေ့နေရတာ၊ ကျနော်တို့ လုပ်ကိုင်နေတာတွေဟာ ပြည်သူတွေဟာ သိခွင့်ရှိပါတယ်။ ချပြဖို့ လိုပါတယ်” လို့ ဦးရွှေကိုက ဆိုပါတယ်။

ပွင့်လင်းမြင်သာမှု ရှိခြင်းဟာ သံသယကို အားနည်းစေပြီး ယုံကြည်နားလည်မှုကို တိုးစေတဲ့အတွက် အစိုးရနဲ့အတူ ပြည်သူတွေ ပူးပေါင်းပါဝင် လုပ်ဆောင်လာဖို့အတွက် ပွင့်လင်းမြင်သာမှုကို ကြိုးစား အကောင်အထည်ဖော်ဖို့ လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။

အစိုးရအနေနဲ့လည်း တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်မှ အကောင်အထည်ဖော်ဆောင်နိုင်မယ်လို့လည်း အစိုးရအဖွဲ့ အကြီးအကဲတွေက ထုတ်ဖော် ပြောဆိုထားပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013