DVB Logo
Home
မြန်မာသတင်း
PDF တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် သူရဲကောင်းဘွဲ့ ဆုတံဆိပ်များ ချီးမြှင့်မည်
DVB
·
May 6, 2026
Photo: PDF အထူးတိုင်းစစ်ဌာန
Photo: PDF အထူးတိုင်းစစ်ဌာန
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်သွားမယ်လို့ မေ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ချီးမြှင့်သွားမဲ့ ဘွဲ့နဲ့ ဆုတံဆိပ် အမျိုးအစားတွေမှာ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People’s Revolution)၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People’s Revolution)၊ ပြည်သူ့ဇေနည်ဆုတံဆိပ် (People’s Medal for Noble Service) နဲ့ ပြည်သူ့သားကောင်းဆုတံဆိပ် (People’s Medal for Loyal Service) တို့ ပါဝင်ပါတယ်။

လက်ရှိမှာ အဆိုပါဘွဲ့တံဆိပ်တွေ ချီးမြှင့်နိုင်ဖို့ စိစစ်မှုလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပြီး ချီးမြှင့် အပ်နှင်းမဲ့ နေ့ရက်ကိုတော့ ထပ်မံအသိပေးသွားမယ်လို့ဆိုပါတယ်။

ဒီလို သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်တဲ့ အစီအစဉ်ကို နှစ်စဉ်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013