DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက် ကျောင်းသူ မမီးမီး၏ ဈာပန  သြဂုတ် ၁၇ ရက်နေ့ ကျင်းပမည်
DVB
·
August 14, 2018
၈၈ မျိုးဆက် ကျောင်းသူ မမီးမီး၏ ဈာပန  သြဂုတ် ၁၇ ရက်နေ့ ကျင်းပမည်
Donate to DVB

ယာဉ်မတော်တဆမှုနဲ့ ရုတ်တရက် ကွယ်လွန်သွားတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် မသင်းသင်းအေး ခေါ် မမီမီးရဲ့ ဈာပနကို လာမယ့် သြဂုတ်လ ၁၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မမီးမီးဟာ သြဂုတ် ၁၃ ရက်နေ့က  နာရေးကိစ္စနဲ့ ပုသိမ်ကို သွားရောက်ပြီး ရန်ကုန်အပြန် ကျောင်းကုန်းမြို့နယ်မှာ ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

မမီးမီးနဲ့ မနီလာသိန်းတို့ အပါအဝင် အဖွဲ့သား ၄ ယောက် လိုက်ပါလာတဲ့ ကားဟာ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအနီး လမ်းချော် မတော်တဆတိုက်မိမှု ဖြစ်ပွားခဲ့ပြီး ကျောင်းကုန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ်  ကွယ်လွန်သွားခဲ့တာပါ။

မမီးမီးရဲ့ ဈာပနအခမ်းအနားကို သြဂုတ်လ ၁၇ ရက် နေ့လယ် ၂ နာရီမှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်တယ်လို့ မမီးမီးရဲ့ ခင်ပွန်း ဦးလှမိုးက ဒီဗွီဘီကို ပြောပါတယ်။

မမီးမီးဟာ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတဦး ဖြစ်ပြီး ၁၉၈၈ ကနေ ၂၀၁၂ ခုနှစ်အတွင်း ထောင်ဒဏ် နှစ်ရှည် ၃ ကြိမ် အကျဉ်းကျခံခဲ့ရပါတယ်။

မမီးမီးနဲ့ အကျဉ်းထောင်အတွင်း အတူနေထိုင်ခဲ့တဲ့ ဗကသ ကျောင်းသူဟောင်း မဟန်နီဦး က “မြန်မာပြည်ဒီမိုကရေစီအရေးမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ ရဲဘော်ရဲဖက်တဦး ဆုံးရှုံးသွားတဲ့အတွက် ဝမ်းနည်းမိတယ်”လို့ ပြောပါတယ်။

မမီးမီးဟာ ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရကာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အကျဉ်းထောင်က  ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ ရှစ်လေးလုံး အရေးတော်ပုံနှစ် ၃၀ ပြည့်မှာ မြို့တော်ခန်းမရှေ့ မီးထွန်းဆုတောင်းပွဲ ပြုလုပ်ခဲ့စဉ်မှာ မမီမီးက “အသက် ဆက်ရှင်နေသေးသရွေ့ ဒီနေ့ ဒီနေရာမှာ ဂါရဝပြုမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မမီးမီးဟာ ကွယ်လွန်ချိန်မှာ  အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး သားတဦး၊ သမီးတဦးနဲ့ မြေး နှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013