DVB Logo
Home
မြန်မာသတင်း
၈၈မျိုးဆက်ကျောင်းသူ မမီးမီး ရုတ်တရက်ကွယ်လွန်
DVB
·
August 13, 2018
၈၈မျိုးဆက်ကျောင်းသူ  မမီးမီး ရုတ်တရက်ကွယ်လွန်
Donate to DVB

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးဟာ သြဂုတ် ၁၃ ရက် ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှာ ကားမတော်တဆဖြစ်ပြီး ကွယ်လွန်သွားပါတယ်။

မနီလာသိန်းနဲ့ မမီးမီး တို့အပါအဝင် အဖွဲ့သား ၄ ယောက် လိုက်ပါလာတဲ့ ကားဟာ ကျောင်းကုန်းမြို့နယ်မှာ ဒီကနေ့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှာ မမီးမီးဟာ အရေးပေါ် ဆေးရုံတင် ဆေးကုသမှု ခံယူရင်း ဆေးရုံမှာ ကွယ်လွန်သွားတာလို့ ပြည်သူ့ပါတီ ဗဟိုကော်မတီဝင် ကိုကျော်လင်းက ပြောပါတယ်။

“ကိုဂျင်မီနဲ့ အဆက်အသွယ်ရတယ်။ မမီးမီးက ပထမ လက်ကျိုးတယ်လို့ သိရတယ်။ နောက်တော့ အဆုတ်ထဲကို သွေးဝင်ပြီး ပုသိမ်ဆေးရုံကို ပို့ဖို့လုပ်ရင်း ဆုံးသွားတာ။ ကိုဇော်ဝင်းမောင်နဲ့ မခက်လည်း ဒဏ်ရာ ပြင်းတယ်လို့ သိရတယ်။ အခုတော့ ဘော်ဒီကို ရန်ကုန်သယ်ဖို့ လုပ်နေပါပြီ” လို့ ပြောပါတယ်။

ကျန်သူတွေကတော့ အသက်အန္တရယ်မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013