DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ကျောင်းသူ မမီးမီး၏ ဈာပနအခမ်းအနား ကျင်းပ
DVB
·
August 17, 2018
၈၈ မျိုးဆက်ကျောင်းသူ မမီးမီး၏ ဈာပနအခမ်းအနား ကျင်းပ
1 / 30
Donate to DVB

ယာဉ်မတော်တဆမှုနဲ့ ရုတ်တရက် ကွယ်လွန်သွားတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် မသင်းသင်းအေး(ခေါ်) မမီမီးရဲ့ ဈာပနအခမ်းကို ရေဝေးသုသာန်မှာ ဒီနေ့ နေ့လယ် ကျင်းပခဲ့ပါတယ်။

ဈာပနအခမ်းအနားကို ၈၈ မျိုးဆက်ငြိမ်းရေးရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအပါအ၀င် လူ သောင်းချီ တက်ရောက်ခဲ့ကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မမီးမီးဟာ သြဂုတ် ၁၃ ရက်နေ့က  နာရေးကိစ္စနဲ့ ပုသိမ်ကို သွားရောက်ပြီး ရန်ကုန်အပြန် ကျောင်းကုန်းမြို့နယ်မှာ ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

မမီးမီးလိုက်ပါလာတဲ့ ကားဟာ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအနီး လမ်းချော် မတော်တဆတိုက်မိမှု ဖြစ်ပွားခဲ့ပြီး ကျောင်းကုန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ်  ကွယ်လွန်သွားခဲ့တာပါ။

မမီးမီးဟာ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတဦး ဖြစ်ပြီး ၁၉၈၈ ကနေ ၂ဝ၁၂ ခုနှစ်အတွင်း ထောင်ဒဏ် နှစ်ရှည် ၃ ကြိမ် အကျဉ်းကျခံခဲ့ရပါတယ်။

မမီးမီးဟာ ၂ဝဝ၇ ခုနှစ်က လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရကာ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှာ အကျဉ်းထောင်က  ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မမီးမီးဟာ ကွယ်လွန်ချိန်မှာ  အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး သားတဦး၊ သမီးတဦးနဲ့ မြေး နှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013