DVB Logo
Home
မြန်မာသတင်း
ကိုကျော်ဇင်ဝင်း၏ဈာပန LGBT အရေးလှုပ်ရှားသူများ အပါအ၀င် လူရာချီ တက်ရောက်
DVB
·
June 27, 2019
ကိုကျော်ဇင်ဝင်း၏ဈာပန LGBT အရေးလှုပ်ရှားသူများ အပါအ၀င် လူရာချီ တက်ရောက်
Donate to DVB

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ စာကြည့်တိုက်မှူး ကိုကျော်ဇင်ဝင်းရဲ့ ဈာပနကို ဇွန် ၂၆ ရက်က ရန်ကုန်ကျည်စု သုသာန်မှာကျင်းပရာမှာ LGBT အရေးဆောင်ရွက်သူတွေ အပါအ၀င် လူပေါင်း ရာနဲ့ချီပြီး လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

Myanmar Imperial Universtiyမှာ စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုကျော်ဇင်ဝင်း ဟာ အလုပ်ခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တချို့က သူ့အပေါ်မှာ လိင်စိတ်ခံယူမှု ကွဲပြားသူ တယောက်အဖြစ် အရှက်ခွဲ အနိုင်ကျင့်ခံရအပြီးမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပါ။

သူ့ရဲ့လိင်စိတ်ခံယူမှုကွဲပြားတာကို လှောင်ပြောင်တာကြောင့် အသက်သေတဲ့ အထိဖြစ်ခဲ့တာဟာ လူသားချင်းမစာနာတာဖြစ်ပြီးတော့ လူ့ခွင့်အရေးကိုချိုး ဖောက်တာဖြစ်တယ်လို့ LGBT အရေးဆောင်ရွက်နေသူတွေကပြောပါတယ်။

ကိုကျော်ဇင်ဝင်းသေဆုံးတာနဲ့ ပတ်သက်လို့  Myanmar Imperial University (MIU) က သာကေတမြို့နယ် ရဲစခန်းကို အကြောင်းကြားခဲ့ပြီး အမှန်တရားပေါ်ပေါက်စေဖို့နဲ့ ဥပဒေ ဘောင်အတွင်းမှာ တရားစီရင်နိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပြီး MIU အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာလည်း LGBTအရေးဆောင်ရွက်သူတွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်သွားဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013