DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဒီးယား ကျားဖြန့်စခန်းမှ ထိုင်း ၇၉ ဦးကို ပြန်ပို့
DVB
·
July 13, 2026
Photo:  JoCho News
Photo: JoCho News
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်းပက်မြို့ရှိ  ကျားဖြန့် အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စခန်းမှ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသား ၇၉ ယောက်ကို ကမ္ဘောဒီးယား တာဝန်ရှိသူတွေက လိုအပ်သလို စစ်ဆေးအရေးယူပြီးတဲ့နောက် ထိုင်းနိုင်ငံဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယား တာဝန်ရှိသူတွေက ထိုင်းနိုင်ငံသားတို့ ၇၉ ယောက်ကို ထိုင်းနိုင်ငံ ဆာကယောက်ခရိုင်၊ အရန်ယပရထစ်မြို့နယ်၊ ခလောင်းလိုတ့်ဒေသရှိ နှစ်နိုင်ငံနယ်စပ်  ချစ်ကြည်ရေးဂိတ်မှာ ဇူလိုင် ၁၀ ရက် မနက် ၁၀ နာရီက လာရောက် အပ်နှံခဲ့ရာမှာ ထိုင်းဘက်က ထိုင်းစစ်တပ် ပူရဖားစစ်ကြောင်း၊ လဝက ရဲတပ်ဖွဲ့နဲ့ နယ်မြေအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်ကြိုဆို လက်ခံခဲ့ကြပါတယ်။

ပြန်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတွေကို တာဝန်ရှိသူတွေက ယာယီထိန်းသိမ်းရေးစခန်းမှာ ခဏထိန်းထားပြီး NRM နည်းအရ ကိုယ့်သဘောနဲ့ကိုယ် အလုပ်သွားလုပ်သူတွေနဲ့ လိမ်လည် ဖြားယောင်းခံရပြီး ရောက်သွားရသူတွေဆိုပြီး ပြန်လည်စစ်ဆေးခွဲထုတ်ဦးမှာ ဖြစ်တယ်။ ပြန်ရောက်လာတဲ့ ၇၉  ယောက်ထဲမှာ အမျိုးသား ၄၅ ယောက်နဲ့ အမျိုးသမီး ၃၄ ယောက် ပါဝင်တယ်၊ ကနဦး စစ်ဆေးချက်အရ  ၅ ယောက်မှာ  အွန်လိုင်းလိမ်လည်မှုပေါင်း ၂၀ မှု ကျူးလွန်ထားသူဖြစ်ပြီး တခြားအမှုနဲ့ ထွက်ပြေးနေတဲ့ ဝရမ်းပြေး ၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားဘက်ကို အထောက်အထားနဲ့ တရားဝင်ထွက်ခွာသွားသူ ၅၁ ယောက်ရှိပြီး တရားမဝင် ထွက်ခွာသွားသူမှာ ၂၈ ယောက် ရှိတယ်။ တရားမဝင် ထွက်ခွာသွားပါက ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့ထွက်ခွာမှုနဲ့ ဒဏ်ငွေ ဘတ် ၅,၀၀၀ ကျခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

စစ်ဆေးအရေးယူမှု ပြီးဆုံးပါက တာဝန်ရှိသူတွေက သူတို့နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source: CH7 HD News / Jo Cho News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013