
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားအုပ်စု (L) ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ဂါနာအသင်းတို့ အမေရိကန် ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ အားကစားကွင်းမှာ ဒေသအချိန် ဇွန် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ကြဘဲ ဂိုးမရှိ သရေကျ သွားပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပထမ အုပ်စုပွဲစဉ်မှာ ခရိုအေးရှားကို အပြတ်အသတ် အနိုင်ရခဲ့တဲ့ ခြေစွမ်းမျိုးကို ဂါနာနဲ့ပွဲမှာ ပြန်မပြနိုင်ခဲ့သလို ဂါနာအသင်းရဲ့ ခံစစ်ပိုင်း ကောင်းမွန်နေတာကြောင့် အင်္ဂလန်တို့ ဂိုးမရှိသရေပွဲနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီရလဒ်ကြောင့် အင်္ဂလန်အသင်းဟာ နောက်တဆင့်တက်ဖို့အတွက် နောက်လာမဲ့ ပွဲစဉ်တွေမှာ ပိုပြီးတော့ အာရုံစိုက် ကစားရတော့မှာ ဖြစ်ပါတယ်။
ပွဲတလျှောက်လုံးမှာ ဂါနာအသင်းက ခံစစ်ကို အထူးကောင်းမွန်အောင် စုစည်းကစားပြခဲ့ပါတယ်။ သူတိုရဲ့ ခံစစ်ပိုင်းက အင်္ဂလန်ရဲ့ ထိုးဖောက်မှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်ခဲ့တာပါ။
ဒါကြောင့် ဟာရီကိန်းအပါအဝင် အင်္ဂလန်တိုက်စစ်မှူးတွေဟာ အနိုင်ဂိုးရဖို အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဂါနာရဲ့ ခံစစ်စည်းက အင်္ဂလန်အတွက် အဓိက စိန်ခေါ်မှုတခု ဖြစ်ခဲ့ ပါတယ်။
Photo: Reuters










