DVB Logo
Home
မြန်မာသတင်း
နဘားနှင့်ပင်ဝယ်ကြားက မီးရထားသံလမ်း ရေတိုက်စားခံနေရ၊ အမြန်ပြုပြင်ပေးစေလို
DVB
·
July 28, 2018
နဘားနှင့်ပင်ဝယ်ကြားက မီးရထားသံလမ်း ရေတိုက်စားခံနေရ၊ အမြန်ပြုပြင်ပေးစေလို
Donate to DVB

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းပေါ်ရှိ နဘားနဲ့ ပင်ဝယ်ကြားက မီးရထားသံလမ်း ရေတိုက်စားခံနေရပြီး ရထားစီးခရီးသည်တွေ အန္တရာယ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အမြန်ဆုံးပြုပြင်ပေးစေလိုတယ်လို့ နဘားကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောပါတယ်။

ဇူလိုင် ၂၂ ရက်က မိုးသည်းထန် စွာရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ဟနဘားကြီးကျေးရွာအနီး မန္တလေး-မြစ်ကြီးနား မီးရထားလမ်း တံတားအမှတ် ၄၄၁ မှာ နဘားကြီးချောင်းရေ တိုက်စားနေတာပါ။

နဘားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက “၂၂ ရက်ညက ရွာတဲ့ မိုးပါ။ နေ့လယ်ပိုင်းလောက်ကို သိတာပေါ့လေ၊ မီးရထားသံလမ်းဘက်ကို ရေစားနေပြီလို့ ကောင်လေးတစ်ယောက်က ကျနော့်ကို Messenger ကနေ ဓာတ်ပုံတွေ ရိုက်ပြီးပို့တယ်။ အဲ့တံတားဟာ အရင်နှစ်ကလည်း ရေတိုက်စားခံရပြီးသား၊ ဒီရထားလမ်းက မြစ်ကြီးနား-မန္တလေး အထက်ပိုင်းမှာ အဓိကတနေရာလေ။ ဒီဟာကို ရေစားသွားမယ်ဆိုရင် အချိန်မီ မပြုပြင်ရင် ရေစားသွားမှာပဲလေ။ ရထားလမ်းပိုင်း ပိတ်တာတွေ၊ ဘာတွေ ဖြစ်သွားနိုင်တာပေါ့။ မဖြစ်ခင် မီးရထားကနေမှ အချိန်မီ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တာပေါ့” လို့ ပြောပါတယ်။

နဘားကြီးရွာမှ ဦးသန်းရွှေက “၂၂ ရက် ည ၁ နာရီမှာ ရွာတဲ့မိုးမှာပါ။ မနေ့က အင်းတော်က ပြန်လာတော့ သတင်းကြားတော့ လာကြည့်တယ်။ မီးရထားက မြို့ပြ အင်ဂျင်နီယာ ဦးစိုးမြင့်ကို မီးရထားက ၄၄၁ တံတားက ကုက္ကိုလ်ပင်ကို ရေထိုးနေပြီဈ ဒီကုက္ကိုလ်ပင်လဲသွားရင် မီးရထားမြေပါ သွားနိုင်တယ်လို့ ကျနော် သတင်းပို့ ထားပါတယ်။ ဒီချောင်းက ရေကြီးပြီတဲ့ဆိုရင် မိုးသာသည်းလိုက်ရင် တောင်ကျရေကိုဗျ ဒလဟော လာတာပဲ။ မိုးမဆက်ဘူးဆိုရင် ၁ နာရီခွဲလောက်ဆို ကျသွားတယ်။ ရေထိုးမြန်တယ်၊ သန်တယ်” လို့ ပြောပါတယ်။

မန္တလေး-မြစ်ကြီးနား မီးရထားလမ်း မိုင်တိုင်အမှတ် ၉၅၁/ ၁ နှင့် ၂ ကြားရှိ တံတားအမှတ် (၄၄၁) မှာ နဘားကြီး ချောင်းရေတိုက်စားမှု ဖြစ်ပေါ်နေပြီး ရထားသံလမ်းနဲ့ ချောင်းမှာ ၅ ပေလောက်သာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းလို့ မီးရထားသံလမ်းဘေးရှိ မြေတွေ ရေတိုက်စားခံရပြီး ရထားစီးခရီးသည်တွေ အန္တရာယ်ဖြစ်ပေါ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်မှာ နေ့စဉ် အမြန်ရထားများ၊ လူစီးရထားတွေ၊ ကုန်ရထားတွေ နေ့စဉ် ဖြတ်သန်းသွားလာနေတဲ့ ရထားခရီးလမ်းကြာင်းတခုလည်း ဖြစ်ပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013