DVB Logo
Home
မြန်မာသတင်း
ဝါးနှင့် အခြားဒေသထွက်များ တန်ဖိုးမြှင့်ထုတ်လုပ်ရန် သင်တန်းပေး
DVB
·
July 25, 2018
ဝါးနှင့် အခြားဒေသထွက်များ တန်ဖိုးမြှင့်ထုတ်လုပ်ရန် သင်တန်းပေး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့တော်ခန်းမမှာ စစ်ကိုင်းတိုင်း ဝါးအသင်းနဲ့ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတို့ ပူးပေါင်းပြီး ဝါးနဲ့ အခြားဒေသ ထွက်ကုန်တွေ တန်ဖိုးမြှင့် ကုန်ပစ္စည်းထုတ်လုပ်ဖို့  စာတွေ့၊ လက်တွေ့သင်တန်း ပို့ချနေပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ကနေ ၂၆ ရက်ထိ ပြုလုပ်တဲ့ ဒီသင်တန်းမှာ ဒေသထွက်ကုန်တွေကို အခြေခံတဲ့ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း နည်းပညာ ၁၀ မျိုးခန့်ကို သင်ကြားပို့ချပေးခဲ့တာပါ။

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် “သမားရိုးကျ လုပ်တာမျိုး မဟုတ်ဘဲနဲ့ သိပ္ပံနည်းကျ ဒေတာအချက်အလက်နဲ့ သွားရမယ့် ခေတ်ရောက်ပြီ။ ကျနော်တို့ ထုတ်ကုန်တွေ ယှဉ်ပြိုင်ရတော့မယ်။ ဥပမာ စစ်ကိုင်းတိုင်းမှာဆို ဘယ်လိုထူးခြားတဲ့ သယံဇာတတွေ ရှိသလဲ။ စိုက်ပျိုးရေးထုတ်ကုန်တွေ ရှိသလဲ။ ဒါတွေကို ရိုးရိုး အကြမ်းရောင်းမယ့်အစား အချောထုတ်နိုင်ရင် ပိုက်ဆံပိုရမယ်။ ကိုယ့်ဈေးကွက်၊ နိုင်ငံတကာ ဈေးကွက်မှာလည်း ယှဉ်မယ်။ ဒီလိုတွေလုပ်နိုင်ဖို့ ကျနော်တို့ဌာနက သုတေသနတွေ လုပ်ပေးမယ်။ စံချိန်စံညွှန်း ချမှတ်တဲ့ လုပ်ငန်းတွေဆောင်ရွက်တယ်။ ဒါတွေနဲ့ ဈေးကွက်ယှဉ်နိုင်မယ့် ထုတ်ကုန်တွေ ဖြစ်လာဖို့ ကူညီပေးနေတာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။

ဒီသင်တန်းကို ဒေသတွင်းထွက်ကုန်တွေ အလကားမဖြစ်စေရေး၊ ဈေးကောင်းရတဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေ ပိုမိုပေါ်ထွက်လာစေရေး၊ နည်းစနစ် စံချိန်စံညွှန်းနဲ့အညီ တန်ဖိုးမြင့် ထုတ်ကုန်တွေ ပေါ်ထွက်လာစေရေး၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိစေရေး၊ SME လုပ်ငန်းတွေ ပိုမိုထွန်းကားလာစေရေးတို့ကို ရည်ရွယ် ပြုလုပ်ခဲ့တာပါ။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက “လုပ်ငန်းရှင်တွေအနေနဲ့ ကြိုးစားပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် လုပ်ငန်းရှင်တွေလည်း ချမ်းသာလာမယ်။ ကိုယ့်ဒေသမှာရှိတဲ့ လူငယ်လူရွယ်တွေလည်း အလုပ်အကိုင် ပေးလာနိုင်မယ်ဆိုရင် အားလုံးအတွက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ နောက် ဒီသယံဇာတတွေကိုလည်း ရေရှည်တည်တံ့ သုံးစွဲနိုင်အောင် ထိန်းသိမ်းဖို့လိုပြီး ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းဖို့ လိုတယ်"လို့ ပြောပါတယ်။

ဒီပွဲကို စစ်ကိုင်းတိုင်းက လုပ်ငန်းရှင်တွေအပြင် ဖိတ်ကြားထားတဲ့ အခြားတိုင်းနဲ့ ပြည်နယ်က လုပ်ငန်းရှင်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဝါး၊ ပယင်း၊ သစ်သားနဲ့ အခြားအသီးအရွက်တွေနဲ့ ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ အစားအစာတွေကို ခင်းကျင်းပြသခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013