DVB Logo
Home
မြန်မာသတင်း
ဝါးကို တန်ဖိုးမြင့်ထုပ်ကုန်အဖြစ် အသုံးချနိုင်ရေး အစိုးရကူညီရန် တောင်းဆို
DVB
·
May 12, 2018
ဝါးကို တန်ဖိုးမြင့်ထုပ်ကုန်အဖြစ် အသုံးချနိုင်ရေး အစိုးရကူညီရန် တောင်းဆို
Donate to DVB

ဝါးကို တန်ဖိုးမြင့်ထုပ်ကုန်အဖြစ် ပြန်လည်ပြီး အသုံးချနိုင်ဖို့ ဝါးလက်တွေ့ အသုံးချတာ၊ ဝါးစိုက်ပျိုးတာနဲ့ ကုန်ချောထုပ်လုပ်တာနဲ့ နည်းပညာသင်တန်းတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ကူညီမှုတွေ ပြုလုပ်ပေးစေချင်တယ်လို့ ပဲခူးရိုးမချစ်သူများအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဝါးကိုတန်ဖိုးမြင့် ထုပ်ကုန်အဖြစ် အသုံးချခြင်းကြောင့် ပဲခူးရိုးမအတွင်း ဆုံးရှုံးသွားတဲ့ သစ်တောဧရိယာတွေမှာ ဝါးကို အချိန်တိုတိုအတွင်း ပြန်လည်စိုက်ပျိုးလာနိုင်မှာဖြစ်ပြီး သဘာပတ်ဝန်းကျင်ထိခိုက်မှုတွေကိုပါ ကာကွယ်လာနိုင်မှာဖြစ်သလို သစ်တောတွေ အချိန်တိုတိုအတွင်း အမြန်ဆုံးစိမ်းလန်းလာနိုင်မယ်လို့ ဆိုပါတယ်။

ဝါးကို တန်ဖိုးမြင့်ထုပ်ကုန်အဖြစ် ထုပ်လုပ်နိုင်ဖို့ဆို အစိုးရအနေနဲ့ ဝါးစိုက်ပျိုးနိုင်မယ့် တောင်သူတွေ များလာအောင် အသိပညာပေးမှုသင်တန်းတွေ၊ ဝါးလက်တွေ့အသုံးချနည်း ပညာပံ့ပိုမှုတွေ ပေးဖို့လိုအပ်နေပြီး ဝါးစိုက်ပျိုးရာကနေ ဝါးကို စနစ်တကျခုတ်ယူခြင်း၊ မျှစ်၊ ဝါးမီးသွေး၊ ဝါးဗယ်နီကာရေ၊ ဝါပတ်သက်တဲ့ မြန်မာ့လက်မှုပညာတွေကို ကုန်ချောအဖြစ်ထုပ်လုပ်ပြီး ပြည်ပနိုင်ငံတွေအထိ ရောင်းချနိုင်ဖို့ အစိုးရအနေနဲ့ နည်းပေါင်းစုံကနေ ကူညီထောက်ပံ့မှုတွေ လုပ်ပေးသင့်တယ်လို့ ပဲခူးရိုးမချစ်သူများအဖွဲ့က တောင်းဆိုနေတာပါ။

ပဲခူးရိုးမချစ်သူများအဖွဲပမှ ဦးတင်ဇော်ဝင်းက “အဲဒီလို ကူညီသွားမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်းနိုင်မယ်။ ပြုန်းတီးသွားတဲ့ သစ်တောတွေနေရာမှာ ဝါးတွေ အမြန်ဆုံးစိုက်ပျိုးခြင်းဖြင့် သစ်တောတွေ အမြန်ဆုံးစိမ်းလန်းလာမယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း အမြန်ဆုံးကာကွယ်လာမယ်။ သစ်ဆိုရင် ဆယ်စုနှစ်ချီပြီးစောင့်ရမယ်။ ဝါးဆိုရင်မြန်တယ်။ ဒါကြောင့် သစ်တောတွေ ပြုန်တီးသွားတဲ့နေရာမှာ ပြည်သူလူထုအစုအဖွဲ့နဲ့ ဝါးစိုက်ပျိုးဖို့ မြေနေရာတွေပေးဖို့ လိုအပ်နေပြီ” လို ပြောပါတယ်။

ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ဝါးထုပ်လုပ်ရောင်းချနေတဲ့သူတွေ၊ ဝါးစိုက်ပျိုးတဲ့တောင်သူတွေ ဒေသတွင်း ဝါးနဲ့ပတ်သက်တဲ့ မြန်မာ့လက်မှုပညာတွေ ရေရှည်တည်တံ့စေဖို့ ရည်ရွယ်ပြီး မေ ၁၀ ရက်နေ့က ညောင်လေးပင်မြို့မှာ ပြုလုပ်တဲ့ ဝါးလက်တွေ့အသုံးချနည်း သင်တန်းမှာ ပဲခူးရိုးမချစ်သူများအဖွဲ့က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013