DVB Logo
Home
မြန်မာသတင်း
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားမဝင်ကြောင်း မဟနဆုံးဖြတ်၊ ဆိုင်းဘုတ်များ ဖြုတ်ချရမည်
DVB
·
July 21, 2018
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားမဝင်ကြောင်း မဟနဆုံးဖြတ်၊ ဆိုင်းဘုတ်များ ဖြုတ်ချရမည်
Donate to DVB

မဘသအဖွဲ့ကို နာမည်ပြောင်းထားတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဟာ တရားမဝင် အဖွဲ့အစည်းဖြစ်ပြီး ဆိုင်းဘုတ်ကို ၄၅ ရက်အတွင်း ဖြုတ်ချဖို့ အခုကျင်းပနေတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက် ပါတယ်။
ဖောင်ဒေးရှင်းဗဟိုကနေ လမ်းညွှန်မှု ရလိုတယ်လို့ တင်ပြလာတဲ့အပေါ် ၄၇ ပါးစုံညီ အစည်းအဝေး ပထမနေ့ ဇူလိုင် ၂ဝ ရက်နေ့မှာ ဆုံးဖြတ်လိုက်တာပါ။
ဒီလမ်းညွှန်မှု တောင်းခံလွှာကို အပြန်ပြန်အလှန်သုံးသပ်ပြီးနောက် သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း၊ သံဃာ့အဖွဲ့အစည်း ဥပဒေတို့နဲ့ မညီညွတ်တာကြောင့် လမ်ညွှန်မှုတောင်းခံလွှာကို ပယ်ချတာ အပါအဝင် ဆုံးဖြတ်ချက် ၆ ခုကို ချမှတ်လိုက်ပါတယ်။

ဒီဖောင်ဒေးရှင်းဟာ တရားမဝင်ဖွဲ့စည်းထားတာဖြစ်လို့ အဖွဲ့ဝင်အားလုံးဟာ ဒီနာမည်ကိုသုံးပြီး ဘယ်ကိစ္စကိုမှ မလုပ်ဖို့ ဆုံးဖြတ်ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံအနှံ့ စိုက်ထူထားတဲ့ ဖောင်ဒေးရှင်းဆိုင်းဘုတ်တွေကို ဆုံးဖြတ်ချက် ချမှတ်တဲ့နေ့က စလို့ ၄၅ ရက်အတွင်း ဖြုတ်သိမ်းဖို့ကိုလည်း ဆုံးဖြတ်ပါတယ်။
ဒီဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့ ရဟန်းပုဂ္ဂိုလ်ကို သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂ဝ/၉ဝ၊ လူပုဂ္ဂိုလ်ဆိုရင် သက်ဆိုင်ရာတည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့လည်း ဆုံးဖြတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို တရားမဝင် အဖွဲ့အစည်းအဖြစ် မဟနက ကြေညာသလို ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့ ကြေညာပြီးတဲ့နောက် အခု ဖောင်ဒေးရှင်းအဖြစ် နာမည်ပြောင်း ဖွဲ့စည်းခဲ့တာပါ။
ဒါပေမယ့် တချို့နေရာတွေမှာတော့ မဘသ ဆိုင်းဘုတ်တွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။

တရားမဝင် အဖွဲ့အစည်းအဖြစ် မဟနက ဆုံးဖြတ်ပြီး ဆိုင်းဘုတ်တွေ ဖြုတ်ချခိုင်းတာနဲ့ ပတ်သက်လို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေးမယ့် မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013