DVB Logo
Home
မြန်မာသတင်း
မဘသ ဆိုင်းဘုတ်တွေ လုံးဝအဖြုတ်မခံဘဲ မြို့၊ ရွာ၊ ကျောင်းတိုင်း တင်ထားကြပါ - ဇွဲကပင်ဆရာတော် (ရုပ်သံ)
DVB
·
July 30, 2017
မဘသ ဆိုင်းဘုတ်တွေ လုံးဝအဖြုတ်မခံဘဲ မြို့၊ ရွာ၊ ကျောင်းတိုင်း တင်ထားကြပါ - ဇွဲကပင်ဆရာတော် (ရုပ်သံ)
Donate to DVB

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုင်းဘုတ်တွေ ဖြုတ်မှာမဟုတ်ဘဲ မြို့တိုင်း၊ ရွာတိုင်း၊ ကျောင်းတိုင်း တင်ထားကြဖို့ ကရင်ပြည်နယ် မဘသ ဥက္ကဋ္ဌ ဇွဲကပင်ဆရာတော် ဦးက၀ိဓဇက မိန့်ကြားလိုက်ပါတယ်။

မဟန ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး ဇူလိုင် ၂၈ ရက်က ဘားအံမြို့ ဇွဲကပင်တောင်ခြေ လုမ္ပိနီဥယျာဉ်ကျောင်းတိုက်မှာ ကျင်းပတဲ့ ကရင်ပြည်နယ်အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော်တို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲမှာ ဆရာတော်က မိန့်ကြားလိုက်တာပါ။

ပြည်နယ် မဘသ ဥက္ကဋ္ဌ ဆရာတော် ဦးက၀ိဓဇ (ဇွဲကပင်တောင် ဆရာတော်) က “အမျိုးဘာသာ သာသနာ စိတ်ဓာတ်ပြည့်ပြည့်၀၀နဲ့ ခုနက ဦးဇင်းတို့ မဖြုတ်နိုင်တဲ့ ဆိုင်းဘုတ်ကြီး ကိုလည်းပဲ အခုပြန်လည်တည်ထားတာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းအဖွဲ့ ဒီစကားလုံးက တကယ်တန်ဖိုးရှိပါတယ်။ ဘယ်ဘာသာမဆို ကိုယ့်ဘာသာ၊ ကိုယ့်အမျိုး၊ ကိုယ့်သာသနာ ချစ်မြတ်နိုးရမယ်။ ကိုယ့်အမျိုး ကိုယ့်ဘာသာကိုယ် ချစ်မြတ်နိုးတဲ့ ဆိုင်းဘုတ်ကြီး ကို လာပြီးတော့ဖြုတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဘာသာမဲ့ မိစ္ဆာ ဒိဋ္ဌိတွေလို့ ဆိုရတော့မှာပေါ့။ ဘာသာမဲ့ မိစ္ဆာ ဒိဋ္ဌိတွေ ဖြုတ်မယ့် ဆိုင်းဘုတ်တွေကိုတော့ လုံးဝ အဖြုတ်မံဘဲနဲ့ နောင်ကို မြို့တိုင်းမြို့တိုင်း ရွာတိုင်းရွာတိုင်း ကျောင်းတိုင်း ကျောင်းတိုင်းမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုတဲ့ ဆိုင်းဘုတ်ကို မြို့တိုင်းမြို့တိုင်း ရွာတိုင်းရွာတိုင်း ကျောင်းတိုင်း ကျောင်းတိုင်းမှာတင်ထားကြပါ” လို့ မိန့်ကြားပါတယ်။

အဆိုပါတွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲမှာ သံဃာအချင်းချင်း စည်းလုံးညီညွှတ်ဖို့ စေစပ်မယ့်အဖွဲ့ အထူးလိုအပ်ပြီး၊ မဘသနဲ့ မဟနတို့ တွေ့ဆုံဆွေးနွေးတဲ့အခါ ငြိမ်ချမ်းရေးကို ဦးတည်တဲ့ ထုတ်ပြန်ကြေညာချက်တခု ထုတ်ပြန်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆရာတော် ဦးအဂ္ဂ၀ံသ (တောင်ကလေး အေးရိပ်သာကျောင်း၊ မြ၀တီ)က လျှောက်ထားဆွေးနွေးခဲ့ပါတယ်။

ပြည်နယ်သံဃမဟာနာယက (မဟန)အကျိုးတော်ဆောင် ဆရာတော် ဦးပညာဝံသ  မဟနရဲ့ ထုတ်ပြန်ချက်အပေါ် မဘသ အဖွဲ့အနေနဲ့ လိုက်နာရန်နဲ့ ညွှန်ကြားချက်များကို သက်ဆိုင်ရာ မဘသအဖွဲ့အစည်းတွေကို အသိပေးအကြောင်းကြားထားပြီးဖြစ်သလို့ လက်ရှိ မဘသ အဖွဲ့အနေနဲ့ ဆိုင်းဘုတ်များဖြုတ်သိမ်းခြင်းမရှိတာဟာ ၁၉၄၂ ခုနှစ်က ထုတ်ပြန်ထားတဲ့ ၂၀/၉၀ ပြဋ္ဌာန်းချက်အရ အရေးယူရမယ်ဆို မသင့်တော်တဲ့အတွက် ထပ်မံတွေ့ဆုံ ညှိနှိုင်းဆွေးနွေး ရတာလို့ မိန့်ကြားပါတယ်။

မဘသအဖွဲ့နဲ့ မဟနအကျိုးတော်ဆောင် ဆရာတော်တို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ပြည်နယ်၊ မြို့နယ်များမှ မဘသဥက္ကဋ္ဌ ဆရာတော်ကြီးတွေ၊ အဖွဲ့ဝင် သံဃာ၊ လူပုဂ္ဂိုလ် ၈၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ (မဘသ) ဆိုင်းဘုတ်တွေကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထား အပြီးအပိုင်ဖြုတ်သိမ်းဖို့နဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိပါက အာဏာစက်နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်သံဃနာယကအဖွဲ့က ထုတ်ပြန်ကြေညာ ထားပေမယ့် ဇူလိုင် ၁၆ ရက်ကက ဘားအံမြို့၊ သရက်တော်ကျောင်းတိုက်ရှေ့မှာ ပြည်နယ်နဲ့ မြို့နယ်မဘသ ဆိုင်းဘုတ်အသစ် ပြောင်းလဲတပ်ဆင်တဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013