DVB Logo
Home
မြန်မာသတင်း
KNU/KNLA(PC) ကရင်လက်နက်ကိုင်အဖွဲ့ဝင် ၂၃ ဦး လက်နက်စွန့်လွှတ်
DVB
·
July 19, 2018
KNU/KNLA(PC) ကရင်လက်နက်ကိုင်အဖွဲ့ဝင် ၂၃ ဦး လက်နက်စွန့်လွှတ်
Donate to DVB

ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ KNU/KNLA(PC) ဗဟိုဌာနချုပ်၊ ဒေသဖွံ့ဖြိုးရေးဌာနက ဒုတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိ စောဒွေးအောင် ဦးစီး အင်အား ၂၃ ဦးဟာ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၈ ရက် မနက်က ဗိုလ်မှူး စောဒွေးအောင် ဦးစီး အင်အား ၂၃ ဦးတို့ဟာ သာမန် ပြည်သူဘဝနဲ့ အေးချမ်းစွာ နေထိုင်လိုတာ၊ မိသားစုဘဝတိုးတက်ဖို့အတွက် ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆောင်ရွက်လိုတာကြောင့် ဘားအံမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အဆိုပါအဖွဲ့ကို ဘားအံမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမမှာ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး ရန်နောင်စိုးတို့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဘားအံနဲ့ မြိုင်ကလေးရှိ နယ်မြေခံတပ်တွေမှာ ယာယီအခြေပြု နေထိုင်နိုင်ဖို့ ကူညီထောက်ပံ့ပေးမယ်လို့လည်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီလက်နက်ကိုင်အဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013